ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်နှင့် ၂၃ ကြိမ်မြောက် စိန့်ပီတာစ်ဘာ့ဂ် နိုင်ငံတကာ စီးပွားရေးဖိုရမ် တက်ရောက်ပြီးနောက် တရုတ်နိုင်ငံ ပေကျင်းသို့ ဇွန် ၈ ရက် နံနက်ပိုင်းက ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြည်နယ် နှင့် တိုင်းဒေသကြီးအလိုက် ဖြေဆိုသူပေါင်း ၈၅၁,၅၂၄ ယောက် ရှိပြီး အောင်မြင်သူပေါင်း ၂၆၇,၆၉၆ ယောက်ရှိကာ၊ ရာခိုင်နှုန်းအားဖြင့် ၃၁.၄၄ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နယူးဒေလီ၊ ဇွန် ၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘင်ဂေါပြည်နယ် ကိုလ်ကတ္တားမြို့ရှိ ဓာတုပစ္စည်းများ သိုလှောင်ရုံတစ်ခုအတွင်း ဇွန်လ ၈ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းအထိ နိုင်ငံအတွင်း အဏ္ဏဝါသဘာဝထိန်းသိမ်းရေးနေရာပေါင်း ၂၇၁ ခု ရှိကြောင်း အမျိုးသားသစ်တော နှင့် မြက်ခင်းလွင်ပြင် စီမံခန့်ခွဲရေးဌာန၏ စာရင်းဇယားအရ သိရသည်။
ပေကျင်း၊ ဇွန် ၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ မြောက်ပိုင်း ရှိ ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း တရုတ်-မြန်မာ ပူးပေါင်းလေ့လာရေး အစီအစဉ်ကို မေလ ၁၄ ရက်နေ့ မှ ဇွန်လ ၁၅ ရက်နေ့ အထိ ပြုလုပ်လျက်ရှိသည်။ တရုတ်နိုင်ငံ သိပ္ပံပညာ ကျောင်း ၏ အရှေ့တောင်အာရှ...