Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ၌ အဏ္ဏဝါသဘာဝထိန်းသိမ်းရေးနေရာ၂၇၁ ခုရှိကြောင်း သိရ

တရုတ်နိုင်ငံ အဏ္ဏဝါသဘာဝထိန်းသိမ်းရေးနေရာတစ်ခုတွင် တွေ့ ရသော တရုတ်ပြည်ပေါက်မျိုးစိတ်ဝင် လင်းပိုင်တစ်ကောင် အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းအထိ နိုင်ငံအတွင်း အဏ္ဏဝါသဘာဝထိန်းသိမ်းရေးနေရာပေါင်း ၂၇၁ ခု ရှိကြောင်း အမျိုးသားသစ်တော နှင့် မြက်ခင်းလွင်ပြင် စီမံခန့်ခွဲရေးဌာန၏ စာရင်းဇယားအရ သိရသည်။

အဏ္ဏဝါသဘာဝထိန်းသိမ်းရေးနေရာများကို လျောင်းနင် (Liaoning) ၊ ဟဲဘေး(Hebei) နှင့် ထျန်ကျင်း(Tianjin) စသည့်ဒေသများအပါအဝင် ကမ်းရိုးတမ်းပြည်နယ်နှင့်ဒေသ ၁၁ ခု၌ တည်ထောင်ထားရှိကြောင်း ၊ စုစုပေါင်း ဧရိယာအကျယ်အဝန်း ၁၂၄,ဝဝဝ စတုရန်းကီလိုမီတာ ရှိကြောင်း အဆိုပါဌာန၏ အင်တာနက်စာမျက်နှာပေါ်တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင် အရသိရသည်။

အဆိုပါထိန်းသိမ်းရေးနေရာများတွင် တရုတ်ပြည်ပေါက်မျိုးစိတ်စာရင်းဝင် လင်းပိုင်များ ၊ ပင်လယ်ဖျံများ နှင့် ပင်လယ်လိပ်များ အပါအဝင် မျိုးသုန်းပျောက်ကွယ်မှု အန္တရာယ်ဖြင့်ကြုံတွေ့နေရသည့် ရှားပါးအဏ္ဏဝါမျိုးစိတ်များ ထိန်းသိမ်းထားသည်။

ကမ်းလွန်သန္တာကျောက်တန်းများ ၊ ဒီရေတောများ ၊ ကမ်းရိုးတမ်း စိမ့်နွံဒေသများ နှင့် အဏ္ဏဝါဂေဟစနစ်များကို သဘာဝထိန်းသိမ်းရေးစာရင်းများထဲတွင် ထည့်သွင်းထားကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံသည် နိုင်ငံ၏ အနောက်တောင်ပိုင်း လျောင်နင်းကျွန်းဆွယ်တွင် တည်ရှိသည့် အလျား ၁ဝ ကီလိုမီတာကျော်ရှိသည့် Shedao ကျွန်းကို တရုတ်နိုင်ငံ၏ ပထမဆုံး အဏ္ဏဝါသဘာဝထိန်းသိမ်းရေးနေရာအဖြစ် ၁၉၆၃ ခုနှစ်တွင် သတ်မှတ်ပြီး ထိန်းသိမ်းလာခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.