ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဈေးကွက် အတွင်းရှိ ဆေးဝါးများကို စိစစ်ရာ ဆေးဝါး ရှစ်မျိုးသည် တရားမဝင်ဆေးဝါးများအဖြစ် စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ယခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုမှာ ၃.၅ သန်း ခန့်ဝင်ရောက်မည်ဟု ခန့်မှန်းထားရာ ယခုနှစ် ဧပြီလကုန်ထိ နိုင်ငံခြားသားဧည့်သည် ဦးရေ ၁.၂သန်းကျော်ဝင်ရောက်ခဲ့ပြီး ၂ဝ၁၆ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုမှာ ၂၅ ရာခိုင်နှုန်းတိုးတက်...
ဆိုးလ်၊ဇွန် ၂၃ ရက်(ဆင်ဟွာ) စွပ်စွဲပြစ်တင်မှုဖြင့် ရာထူးမှ ဖယ်ရှားခြင်း ခံလိုက်ရသော တောင်ကိုရီးယားနိုင်ငံသမ္မတ(ဟောင်း) ပက်ဂွမ်ဟေး၏ အနီးကပ် အကြံပေးဖြစ်သူ Choi Soon-sil အား ၎င်း၏သမီးပါဝင်ပတ်သက်နေသည့် အကျင့်ပျက်ခြစားမှုတစ်ခုဖြင့် ယနေ့ဇွန်လ ၂၃ ရက်တွင် ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများက နောင်တွင် သွားလာရေး ခက်ခဲသည့် နေရာများရှိ ပြည်သူများအား ကူညီနိုင်မည်ဟု မျှော်လင့်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr.Jurg Montani က ယနေ့ ဇွန်...
နေပြည်တော်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) နိုင်ငံသားတိုင်းအား ထိရောက်သည့် ကျန်းမာရေး ဝန်ဆောင်မှုများ အချိန်မီ ရရှိစေမည့် အမျိုးသား ကျန်းမာရေး အာမခံ စနစ် ထူထောင်ရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ယနေ့ ပြည်သူ့လွှတ်တော်၌ ဆွေးနွေး အတည်ပြုခဲ့သည်။