Connect with us

Politics, Law & Military

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့ တွင် သဘာဝဓာတ်ငွေ့ဟု ယူဆရသည့် အငွေ့များ ထွက်ရှိ

သဘာဝဓာတ်ငွေ့ဟု ယူဆရသည့် အငွေ့များ ထွက်ရှိစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဧပြီ ၃၀ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့ ၊ မြို့မ (၁) ရပ်ကွက် ဘုရားပိုင်း၌ အဝီစိတွင်း တူးရာမှ ဂက်(စ်)ငွေ့ဟု ယူဆရသည့် အငွေ့များ ထွက်ရှိနေသဖြင့် ဆက်လက်တူးဖော်ခြင်း ရပ်ဆိုင်း ထားကြောင်း မဒေါက်မြို့ အုပ်ချုပ်ရေးမှူးရုံးက သိရသည်။

ဖြစ်စဉ်မှာ ဘုရားပိုင်းနေ ဦးစိုးနိုင်မှ စိုက်ပျိုးထားသော ချဉ်‌‌ပေါင်ခင်‌း ရေလောင်းရန် ဦးမျိုးမင်းဦး၊ ဦးကျော်လွင်စိုး၊ ဦးသန်းဦးတို့နှင့်အတူ ချဉ်ပေါင်ခင်းအနီး ရေသန်အင်‌းအတွင်‌း ဧပြီလ ၂၆ ရက်နေ့က အဝီစိတွင်း တူးဖော်ရာ အနက် ၂၃ ပေအရောက်တွင် ပုံမှန်ရေရရှိမည့် အနေအထား၌ ရေမရရှိဘဲ တူးထားသည့် ပိုက်အတွင်းနှင့် အနီးအနား ရွှံ့နွံအတွင်းမှ သဘာဝဓာတ်ငွေ့ဟု ယူဆရသည့် အငွေ့များ အများအပြား ထွက်ရှိလာသဖြင့် မီးခြစ်ကြည့်ရာ မီးတောက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.