မက်ဒရစ် ၊ စက်တင်ဘာလ ၉ ရက် (ဆင်ဟွာ) ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် စပိန် ရီယဲလ်မက်ဒရစ် နှင့် အက်လက်တီကို ကလပ်အသင်းနှစ်သင်း၏ လူငယ်လေ့ကျင့်ရေးအစီအစဉ်တွင် အပြောင်းအရွှေ့ပြုလုပ်ရာ၌ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မရှိသဖြင့် ၎င်း ကလပ်အသင်းနှစ်သင်း၏ အပြောင်းအရွှေ့ဈေးကွက်ကို စက်တင်ဘာလ ၈ ရက်တွင် ပိတ်ပင်တားမြစ်လိုက်ကြောင်း သိရသည်။
ဗီယင်ကျန်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နယ်ပယ်ကဏ္ဍအသီးသီး၌ လာအိုနိုင်ငံ နှင့်အတူ နှစ်ဖက် အပြန်အလှန်အကျိုးရှိစေသည့် ပူးပေါင်းမှုများ အထူးသဖြင့် ကုန်ထုတ်လုပ်မှုစွမ်းရည် နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ ပိုမိုအားကောင်းလာစေရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က စက်တင်ဘာ၈ရက် တွင်ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ အတိုက်အခံပါတီ ဒုတိယခေါင်းဆောင် Kem Sokha အား ပြည့်တန်ဆာ အမှုတစ်ခုတွင် ရုံးတော်၌ အစစ်ဆေးခံရန် အယူခံငြင်းပယ်မှုအတွက် ဖနွမ်းပင်တရားရုံးက စက်တင်ဘာလ ၉ ရက်တွင် စတင် စစ်ဆေးနေကြောင်း သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စု သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီးစဉ် အဖြစ် စက်တင်ဘာလ ၁၀ ရက်မှ ၂၆ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း...
ဒမတ်စကတ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ် တွင် စစ်တပ်က ဓါတုဓါတ်ငွေ့လက်နက်အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းမှာ မှန်ကန်မှုမရှိဟု ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က ငြင်းဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းဋ္ဌာန SANA ကဖော်ပြခဲ့သည်။