ဟူစတန် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) တက္ကဆက်ပြည်နယ် Sutherland Springs ရှိ ခရစ်ယာန်ဘုရားရှိခိုကျောင်းတစ်ခု၌ နိုဝင်ဘာလ ၅ ရက် (တနင်္ဂနွေနေ့ဝတ်ပြုချိန်) တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူပေါင်း ၂၆ ဦးသေဆုံးသွားကြောင်း တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ပြောကြားခဲ့သည်။
လာဆာ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် ၎င်း၏ ပထမဆုံး နှင့် ကမ္ဘာ့အမြင့်ဆုံး နက္ခတာရာစခန်းအား ၂၀၁၈ခုနှစ်တွင် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်၌ ယနေ့နိုဝင်ဘာ ၅ ရက် ၊ နံနက် ၁ နာရီခွဲ အချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ငါးပုဇွန် အဝယ်ဒိုင်(၁၁)ဒိုင်၊ လူနေအိမ် (၁၆)လုံး၊ လူဦးရေ (၇၀) အိုးမဲ့ အိမ်မ ဲ့ဖြစ်ခဲ့ရပြီး...
ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သည် ဖိလစ်ပိုင်နိုင်ငံ သို့ သွားရောက်လည်ပတ်ပြီး မြို့တော် မနီလာမြို့တွင် နိုဝင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်မည့် ၁၂ကြိမ်မြောက် အရှေ့အာရှထိပ်သီးညီလာခံ အဆင့်မြင့် အစည်းအဝေးပွဲများသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။