ဂျကာတာ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ နှင့် ပါလမ်ဘန်း( Palembang) မြို့နှစ်မြို့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲလုံခြုံရေးအတွက် အမြင့်ဆုံးအဆင့် အသင့်ပြင်ဆင်မှုသရုပ်ပြခြင်းတစ်ခုအဖြစ် ကြည်ရေးလေ တပ်ဖွဲ့ဝင်များပါဝင်သော လုံခြုံရေးဆိုင်ရာလေ့ကျင့်မှုတစ်ခုကို သြဂုတ် ၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မနီလာ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ တောင်ပိုင်း Masbate ပြည်နယ် ရှိ ဆိပ်ကမ်းတစ်ခု တွင် သြဂုတ်၁ ရက် က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သော်လည်း သေဆုံး၊ဒဏ်ရာရရှိသူမရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
နေပြည်တော်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) ရေဘေး အန္တရာယ် ကျရောက်နေသော ပြည်သူများအတွက် ပြည်သူ့လွှတ်တော်က ကျပ်ငွေ သိန်း နှစ်ရာ လှူဒါန်းရန် သဘောတူ ဆုံးဖြတ်လိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။
အန်ကာရာ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ သမ္မတ ရီဆတ် တေယစ် အာဒိုဂန် က ပါလီမန်အနေဖြင့် သေဒဏ်ချမှတ်မှုအား ထောက်ခံလိုက်သည်နှင့် ယင်းစနစ်အား အတိအကျ အတည်ပြုပေးသွားမည်ဖြစ်ကြောင်း သြဂုတ် ၁ ရက်က ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး MMTS နှင့် H & S Group တို့ ပူးပေါင်းစီစဉ်သည့် Lethwei Nation 50th Media Championship 2018 ၏ ဝိတ်တန်း...