Connect with us

Latin America

အမေရိကန်နိုင်ငံကကျူးဘားနိုင်ငံအပေါ် ရန်လိုမှုရှိသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အားထောက်ပံ့ရန် ကျူးဘားအာမခံချက်ပေး

ဟာဗားနားမြို့ အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ဟာဗားနား ၊ မေ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်ဘက်မှ ရန်လိုမှုကြီးထွားလာခြင်း သော်လည်း ကျူးဘားနိုင်ငံတွင် နိုင်ငံခြား ကုမ္ပဏီများ၏ စီးပွားရေးလည်ပတ်မှုများ နှင့် ရင်းနှီးမြှုပ်နှံမှုများအား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကျူးဘားနိုင်ငံအစိုးရ က မေလ ၁၃ ရက်တွင် အတည်ပြုပြောကြားသည်။

ကျူးဘားအစိုးရအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား ဆက်လက်၍ ကာကွယ်သွားမည်ဖြစ်ကြောင်း ကျူးဘားနိုင်ငံခြားကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဝန်ကြီး Rodrigo Malmierca က ၎င်း၏ တွစ်တာ အကောင့်တွင် ရေးသားခဲ့သည်။

“ကျူးဘားအနေနဲ့ ကျွန်တော်တို့ဆီမှာ စီးပွားရေးလုပ်ကြတဲ့ နိုင်ငံခြားကုမ္ပဏီများကို ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေများအရ ကာကွယ်ပေးသွားမှာဖြစ်တယ်’’ ဟု Malmierca ကပြောသည်။

ကျူးဘားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့် အချိန် တွင် နိုင်ငံခြားကုမ္ပဏီများ အားလုံးအား ဥပဒေ နှင့် လုံခြူံရေး ပိုင်းတွင် ကာကွယ်ပေးမည်ဖြစ်ကြောင်း၊ ဥပဒေ ၁၁၈ အရ နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုများအား ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ကျူးဘားနိုင်ငံအစိုးရ အနေဖြင့် ထပ်လောင်းပြောကြားသည်။

ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံများစွာက ကျူးဘားအပေါ်အမေရိကန်နိုင်ငံ ၏ ရန်လိုသော ဆောင်ရွက်ချက်များက အပြည်ပြည်ဆိုင်ရာဥပဒေများကို ဆန့်ကျင် သည့်အတွက် ကျူးဘားနှင့် အတူ အခြားနိုင်ငံများအား ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများ အား ပိတ်ဆို့ရာရောက်သောကြောင့် အမေရိကန်၏ လှုပ်ရှားမှုကို ဆန့်ကျင်ကြောင်း ၎င်းတို့၏ ဆန္ဒ ကိုထုတ်ဖော်ပြောကြားခဲ့သည်။ (Xinha)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.