Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့တွင် ငွေကျပ် ၃၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအားစိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့တွင် ငွေကျပ် ၃၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မေလ ၁၃ ရက်နေ့ ၁၅း၅ဝ နာရီ တွင် လွိုင်လင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ လွိုင်လင်မြို့၊ ပြည်ထောင်စုလမ်းမ ကြီး၊ —- စားသောက်ဆိုင်ရှေ့တွင် ကွတ်ချိုးရွာဘက်မှ လွိုင်လင်မြို့ဘက်သို့ ပင်လုံမြို့၊ ရပ်ကွက်(၃)၊ မိုးညိုလမ်းနေ ခွန်မောင်ထုံး ၃၃ နှစ် စီးနင်းမောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်၏ အင်ဂျင်ခန်းအတွင်း သိုဝှက်သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၃၀၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၀၀၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.