ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း ဇွန်လ(၁၀)ရက်နေ့ ညနေ ၃ နာရီအချိန်မှ ၃ နာရီခွဲ အချိန်ခန့် အထိ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘဂ္ဂဒတ်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒတ်ရှိ လွှတ်တော်ရွေးကောက်ပွဲ ဆန္ဒမဲသေတ္တာများ ထားရှိသော ဂိုဒေါင်သုံးလုံးမှာ ဇွန်လ ၁၀ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံကို ဇွန် ၂၃နှင့် ၂၄ ရက်များတွင် ရန်ကုန်တိုင်းဒေသကြီးရှိ MCC ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း NLDပါတီထံမှ သိရသည်။
ရန်ကုန် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) အောင်ဘာလေ ထီလက်မှတ်များကို ဝယ်ယူ ကံစမ်းကြသူ မိဘပြည်သူများ အနေဖြင့် မိမိတို့၏ ထီလက်မှတ် များကို ထီပေါက်စဉ် နှင့် တိုက်ကြည့်ပြီး ထီပေါက်ခြင်း ရှိ/မရှိ ကိုယ်တိုင် စစ်ဆေး ပေးကြပါရန် ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အသိပေး...
ဆာနား၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံအနောက်ပိုင်း Al Hudaydahပြည်နယ် နေရာအနှံ့တွင် အစိုးရတပ်နှင့် ဟူသီလက်နက်ကိုင် တို့အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားသောကြောင့် လူ ၄၀ သေဆုံးပြီး ဒဏ်ရာရသူ ဒါဇင်နှင့်ချီရှိ ကြောင်း ယီမင်ဒေသခံ ကျန်းမာရေးအရာရှိတစ်ဦးက ဇွန်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။