Connect with us

Politics, Law & Military

တတိယ တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာရှင်းပွဲများ ဆက်လက် ကျင်းပ

ဝန်ကြီးဌာန သုံးခုတို့  သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၃ ရက်(ဆင်ဟွာ)

ပြည်ထောင်စု အစိုးရ၏ တတိယ တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာနနှင့် စက်မှုဝန်ကြီးဌာနတို့၏ သတင်းစာရှင်းပွဲများကို ပြန်ကြားရေး ဝန်ကြီးဌာနတွင် ယနေ့ ဆက်လက် ကျင်းပခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်က “ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယ တစ်နှစ်တာအတွင်း မှာ ဆိပ်ကမ်းတံတား ငါးစင်း တည်ဆောက်နိုင်ခဲ့ပါတယ်၊ ဒါကြောင့်အခုဆိုရင် ဆိပ်ခံတံတား ၄၁ စင်း ရှိလာပါပြီ” ဟု ပြောကြားခဲ့သည်။

ထိုဆိပ်ခံတံတားများမှာ မီတာ ၂၀၀ ရှည်သော Green Asia တံတား၊ ၂၀၀ မီတာ ရှည်သော Wilma International ဆိပ်ကမ်း တံတား၊ သီလဝါမြေကွက် အမှတ် ၂၅၊ ၂၆ ရှိ မီတာ ၂၀၀ ရှည် တံတား နှစ်စင်းနှင့် မီတာ ၂၀၀ ရှည် Elite Petrol Chemical ဆိပ်ကမ်း တံတားတို့ ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။ ယခင်က ၃၃ စင်းရှိခဲ့ရာမှ အစိုးရသစ်လက်ထက် သုံးနှစ်တာအတွင်း တံတား ရှစ်စင်း (ပထမ နှစ်နှစ်တွင် သုံးစင်း၊ တတိယမြောက်နှစ်တွင် ငါးစင်း) တည်ဆောက်နိုင်ခဲ့သဖြင့် စုစုပေါင်း ၄၁ စင်း ဖြစ်လာကြောင်း၊ မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ရေကြောင်း ကုန်သွယ်မှု ပမာဏ၏ ၉၀ ရာခိုင်နှုန်းကျော်ကို ကိုင်တွယ်လျက်ရှိသည့် ရန်ကုန်ဆိပ်ကမ်းအတွက် ဖွံ့ဖြိုးတိုးတက်လာခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၏ တတိယ တစ်နှစ်တာ ဆောင်ရွက်နိုင်မှုမှာလည်း တိုးလာခဲ့ရာ ၂၀၁၇ -၁၈ ၌ ကုန်တန်ချိန် ၉၀၇၄၅၅၈ တန်ရှိခဲ့ရာမှ ယခုနှစ်၌ ကုန် ၁၆၉၂၃၀၀၈ တန်အထိ ရှိလာကြောင်း၊ သုံးနှစ်အတွင်း ကုန်သေတ္တာ ၃၂၂၀၃၇၀ လုံး၊ ကုန်တန်ချိန်အနေဖြင့် ၃၆၃၆၄၆၉၄ တန် ကိုင်တွယ် နိုင်ခဲ့ ကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှလည်း ပညာရှင် ၁၄၃၇ ဦးအား ဘွဲ့ အပ်နှင်းနိုင်ခဲ့ကြောင်း၊ ရေကြောင်းဘက်ဆိုင်ရာဘွဲ့ ၉၄၅ ဦး၊ မဟာဘွဲ့ ၁၁ ဦး၊ ဘွဲ့လွန် ဒီပလိုမာ ၄၈၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အစိုးရသစ်လက်ထက် သုံးနှစ်တာအတွင်း မိုးလေဝသ စခန်း နှစ်ခု၊ ဇလဗေဒ စခန်း နှစ်ခု၊ မြေငလျင်စခန်း ငါးခုတို့ကို တိုးချဲ့ ဖွင့် လှစ်နိုင်ခဲ့ကြောင်းလည်း အမြဲတမ်းအတွင်းဝန်က ရှင်းလင်း တင်ပြခဲ့သည်။စက်မှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က “တတိယ တစ်နှစ်တာ အတွင်းမှာ အသေး စား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသ တွင်း ထုတ်ကုန် ပြပွဲ ပြိုင်ပွဲတွေကို တစ်နိုင်ငံလုံးမှာ ကိုးကြိမ် ကျင်းပပေးခဲ့ပြီး ဆုတွေ ချီးမြှင့်ပေးခဲ့ပါတယ်၊ အသေးစား၊ အလတ်စား လုပ်ငန်းတွေအတွက် ချေးငွေရဖို့ကိုလည်း CGI (Credit Guarantee Insurance) စနစ်ကို အသု့းပြုပြီး အသိပေး ဆွေးနွေးပွဲတွေ ဆောင်ရွက်ပေးခဲ့သလို ချေးငွေတွေလည်း ထုတ်ချေးပေးနိုင်ခဲ့ပါတယ်” ဟု ပြောခဲ့သည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ ဆောင်းသီးနှံ ဟင်းသီး ဟင်းရွက်စိုက် တောင်သူ ၉၄ ဦးကို ငွေကျပ် ၈၁ ဒသမ ၄ သန်း၊ ပြည်ထောင်စု နယ်မြေ၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ မိုးသီးနှံ ဟင်းသီး ဟင်းရွက် စိုက် တောင်သူ ၃၄ ဦးတို့ကို ငွေကျပ် ၆၈ ဒသမ ၅ သန်းအား SMIDB ဘဏ်နှင့် ချိတ်ဆက်ပြီး ချေးငွေများ ထုတ်ချေးပေးနိုင်ခဲ့ ကြောင်း လည်း ၎င်းက ရှင်းပြခဲ့သည်။

လူ့ စွမ်းအားရင်းမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်ပ သင်တန်းနှင့် ဆွေးနွေးပွဲများသို့ ဝန်ထမ်း ၂၂၀ ဦးနှင့် ပြည်တွင်းတွင် ပြုလုပ်သည့် သင်တန်းနှင် ဆွေးနွေးပွဲများသို ့ ဝန်ထမ်း ၁၄၆၂ ဦးတို့အား စေလွှတ် တက်ရောက်စေခဲ့ကြောင်း၊ Mobile Vocational Training Truck , Electrical နှင့် Welding ဘာသာရပ်သင် ရွေ့လျား မော်တော်ယာဉ် သုံးစီးဖြင့် ဒေသအသီးသီးတွင် သင်တန်း ၂၅ ကြိမ် ဖွင့်လှစ် ၍ သင်တန်းသား ၁၂၄၂ ဦးကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ကြောင်း၊ ခေတ်နှင့် လျော်ညီသော လုပ်ငန်းခွင် လိုအပ်ချက်ကို တိုက်ရိုက် ဖြည့်ဆည်းပေးနိုင်သည့် သင်ရိုးညွှန်းတမ်း စာအုပ်များကို ရေးသား ပြုစုပြီး သင်ကြားပို့ ချခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စက်မှုသင်တန်းကျောင်းများအား နိုင်ငံတကာ အဆင့်မီစေရန် ၂၀၁၉ ဇန်နဝါရီ ၃၀ ရက်တွင် အမှတ်(၁) စက်မှု သင်တန်းကျောင်း (ဆင်တဲ)ကို နိုင်ငံတကာ အသိအမှတ်ပြု ISO 9001;2015 certificate လက်မှတ် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ အစိုးရ၏ အထောက်အပံ့ဖြင့် သထုံနှင့် မုံရွာတို့တွင် သင်တန်းကျောင်း နှစ်ကျောင်း ထပ်မံ ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် အမှတ်(၂) စက်မှု သင်တန်းကျောင်း(မန္တလေး)ကို အဆင့်မြှင့်တင်မှု လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဆေးဝါးကဏ္ဍတွင် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်၌ ဆေးဝါး အမျိုး နှစ်ဆယ်တို့ကို တီထွင် စမ်းသပ် ထုတ်လုပ်နိုင်ခဲ့ရာ တတိယ တစ်နှစ်တာ ကာအတွင်း အရည်အသွေးကောင်းမွန် စိတ်ချရသည့် ဆေးဝါးများတန်ဖိုး ကျပ် ၄၉ ဘီလျံအထိ ထုတ်လုပ်နိုင်ခဲ့ ကြောင်း၊ ပြည်တွင်း လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းကျော် တိုးမြှင့် ထုတ်လုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.