Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ကျပ် သိန်း၆၀၀၀တန်ဖိုးရှိ ကတ်တမင်းများ သိမ်းဆည်းရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(ဓာတ်ပုံ-CCDAC)

ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ကျပ် သိန်း၆၀၀၀တန်ဖိုးရှိ ကတ်တမင်းများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

တပ်မတော်မှ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ ဝှေလေလန်ကျေးရွာအနီး မေ ၁၂ ရက် မယ်ဆိုင်ချောင်းဘေးတစ်လျှောက် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ကျောပိုးအိတ်တစ်လုံးနှင့် ဆာလာအိတ် နှစ်လုံး တို့အား တွေ့ရှိ၍ အဆိုပါအိတ်များအတွင်းမှ လက်ဖက်ခြောက်အိတ်များဖြင့်ထည့်ထားသည့် ကတ်တမင်း ၆၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၀၀၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသော ကတ်တမင်းများအား ဝမ်ပုံနယ်မြေရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်လှစ်ပြီးတရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)