မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ တောင်ပိုင်း Guerrero ပြည်နယ် တွင် လက်နက်များကိုင်ဆောင်ထားသော အရပ်သားအုပ်စု နှစ်ခု အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂ဦးသေဆုံးပြီး အခြား ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ဇန်နဝါရီ ၂၇ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ နယ် တောင်ပြိုကျေးရွာတွင် ယနေ့ ( ဇန်နဝါရီ ၈ ရက်) နံနက် ၉နာရီခွဲခန့်က မြေတူးသယ်ဆောင်မှုပြုလုပ်နေစဉ် မြေပြိုကျမှုဖြစ်ပွားခဲ့ရာ လူသေဆုံးမှုရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ ၏ အနောက်တောင်ဘက် မိုင် (၄၀) ခန့် အကွာ၊ အနက် (၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
သဟိတ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) နယ်သာလန်နိုင်ငံ သဟိတ်မြို့တွင် ဇန်နဝါရီ ၂၇ ရက်က ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခုကြောင့် အဆောက်အဦးတစ်လုံး ပျက်စီးခဲ့ပြီး လူ ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လီမာ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံ တောင်ပိုင်း Apurimacပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုတယ်နံရံပြိုကျမှု ဖြစ်ပွားရာ လူ ၁၅ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပီရူးနိုင်ငံ နိုင်ငံတော် ပြည်သူ့ကာကွယ်ရေးဌာန က ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။