Connect with us

Environment, Disasters & Accidents

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ပြေးလမ်းချော်မှုကြောင့်လေယာဉ်ဝန်ထမ်းအပါအဝင် ၁၈ ဦး ဒဏ်ရာရဟုထုတ်ပြန်


ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆင်းသက်လာသော Biman Bangladesh Airlineမှ လေယာဉ်တစ်စီးသည် ယနေ့ ည ၆နာရီ ၅၂ မိနစ်တွင်လေယာဉ်ပြေးလမ်း ချော် မှုဖြစ်ပွားခဲ့ရာ လေယာဉ်ဝန်ထမ်းများအပါအဝင် ၁၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

Biman Bangladesh Airlines၏ Flight No. BG-060လေယာဉ်သည် လေယာဉ်ဝန်ထမ်းနှင့် ခရီးသည် စုစုပေါင်း ၃၀ကျော်သယ်ဆောင်လာရာ လေယာဉ်ပြေးလမ်းချော်ပြီး ပျက်စီးမှုကြောင့် လေယာဉ်မှူးအပါအဝင် လေယာဉ်ဝန်ထမ်း ၅ဦးနှင့် ခရီးသည် ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့သော လေယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ- လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့သော လေယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ- လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန)

အဆိုပါ လေယာဉ်ပြေးလမ်းချော်မှုကြောင့် လေယာဉ်ပြေးလမ်းများ ပိတ်ထားခဲ့ရပြီး ည ၉နာရီကျော်တွင်အရှည်ပေ ၁၀,၀၀၀ ရှိ ပြေးလမ်း နံပတ် ၂၁ ကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ ပြေးလမ်း နံပတ် ၀၃ မှာမူ ပြေးလမ်းချော်သည့်လေယာဉ်ရှိနေမှုကြောင့် လေယာဉ်အတက်အဆင်းပြု လုပ်ရန်အသုံးပြုနိုင်ခြင်းမရှိသေးကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Biman လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ်အမှတ် BG 060 ဖြင့် ဒက်ကာမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းလာသည့် အဆိုပါ Bombardier Dash – 8/400 လေယာဉ်သည် ယနေ့ညနေ ၆း၅၁ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆင်းသက်ချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြင်ကွင်းများမပြတ်သားမှုဖြစ်ကာ လေယာဉ်ပြေးလမ်း၏ ညာ ဘက်သို့ ချော်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ မတော်တဆမှုဖြစ်ပွားပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ATC (“Air Traffic Control”) လုပ်ငန်းစဉ်များအရ လေဆိပ်၏ လေယာဉ်ပြေးလမ်းကို ခေတ္တပိတ်ဆို့ထားခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းပြီး လေယာဉ်ပြေးလမ်းများ ပုံမှန်အတိုင်းပြန်လည် လည်ပတ်နိုင်ရန် လိုအပ်သည်များကို အမြန်ဆုံးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117