Connect with us

Environment, Disasters & Accidents

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Biman Bangladesh Airlines လေယာဉ်ပြေးလမ်းချော်၍ထိခိုက်ပျက်စီးပြီးခရီးသည်များဒဏ်ရာရ

ပုံစာ-လေယာဉ်ပြေးလမ်းချော်ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်စဉ်(ဓာတ်ပုံ-ဇွဲရန်နိုင်- ရွှေရောင်သမိုင်း ERSSDO အသင်း)

ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Biman Bangladesh Airlines မှလေယာဉ်တစ်စင်း ယနေ့ ည ၆နာရီ ၄၅မိနစ်တွင် ပြေးလမ်းချော်ကာ လေယာဉ်ပျက်စီးမှုဖြစ်ပွားရာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း လေဆိပ်မှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနကို အတည်ပြုပြောကြားသည်။

” လေဆိပ်ဝင်ပေါက် ၂ခုကနေ ထိခိုက်တဲ့လူတွေကို ထုတ်လာတဲ့အတွက် အတိအကျတော့ အရေအတွက်မပြောနိုင်သေးဘူး၊ ထိခိုက်ဒဏ်ရာရသူတွေကို မြောက်ဥက္ကလာပဆေးရုံကို ခုပို့ဆောင်နေပါတယ်”ဟု ၎င်းကဆိုသည်။

လေယာဉ်ပြေးလမ်းချော်ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်စဉ်(ဓာတ်ပုံ-ဇွဲရန်နိုင်- ရွှေရောင်သမိုင်း ERSSDO အသင်း)

လေယာဉ်ပြေးလမ်းချော်ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်စဉ်(ဓာတ်ပုံ-ဇွဲရန်နိုင်- ရွှေရောင်သမိုင်း ERSSDO အသင်း)

အဆိုပါ လေယာဉ်သည် Cargo Terminal အနီးတွင် လမ်းချော်ပြီး လေယာဉ်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကာ လေယာဉ်မှူးမှာလည်းခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လေဆိပ်တွင် လေယာဉ်လမ်းချော်မှုဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်ဦးက ဆိုသည်။

” ခုလောလောဆယ် မြောက်ဥက္ကလာဆေးရုံကို လူနာ ၁၆ယောက်ရောက်နေပါတယ်၊ အဲဒီထဲမှာ လေယာဉ်မှူးခေါင်းပေါက်သွားတာတွေ့ရတယ်၊ ခရီးသည်တွေကတော့ နှလုံးတုန်တာတွေ လန့်သွားတာတွေနဲ့ ဒဏ်ရာအနည်းအကျဉ်းရတာတွေပါတယ်”ဟု လူနာများကို ဆေးရုံသို့ပို့ဆောင်ပေးနေသည့် ရွှေရောင်သမိုင်း ERSSDO” အသင်း ဥက္ကဠ ဇွဲရန်နိုင်က ဆင်ဟွာသို့ပြောသည်။

လက်ရှိ လေယာဉ်ပြေးလမ်းပေါ်တွင် လေယာဉ်အပျက်အစီးများကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေယာဉ်အဝင်အထွက်များ ယာယီရပ်ဆိုင်းထားကာခရီးစဉ်များလည်းရွှေ့ဆိုင်းထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.