ပရီတိုးရီးယား ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) နှစ်နိုင်ငံချစ်ကြည်ရင်နှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် ရည်ရွယ်ချက်ဖြင့် အာဖရိကတိုက်ခရီးစဉ် တတိယမြောက်နိုင်ငံအဖြစ် “သက်တန့်နိုင်ငံ” ဟုလူသိများသော တောင်အာဖရိကနိုင်ငံသို့ဇူလိုင် ၂၃ ရက်တွင် ရောက်ရှိလာသည့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အား ကော်ဇောနီခင်း၍ ကြိုဆိုခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုငွေကို ယမန်နှစ်ကထက် ကျပ် ၈၇ ဘီလီယံ ပိုမိုထောက်ပံ့ရန်လျာထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ပြောသည်။
နေပြည်တော်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် တစ်မျိုးသားလုံး၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၁၀၆ ဒသမ ၀၉၆ ထရီလီယံ ရရှိရန် ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန...
ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ Chatrium Hotel တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးတွဲကျင်းပသည့် အိမ်ရာဘဏ္ဍာရေးဈေးကွက်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက် အမှာစကား ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)၌ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။