Connect with us

Asia

သီရိလင်္ကာနိုင်ငံအရှေ့ပိုင်းတွင် အိုင်အက်စ်အကြမ်းဖက်များအားအသေရမိ

။ကိုလံဘိုမြို့အတွင်းဧပြီလ ၂၁ ရက်ကအကြမ်းဖက်ဗုံးဖောက်ခွဲမှုတစ်ရပ်ကိုတွေ့ ရစဉ်(အင်တာနက်)

ကိုလံဘို၊ ဧပြီလ ၂၇ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံအရှေ့ပိုင်း ကာလ်မူနိုင်း(Kalmunai) မြို့တွင် သီရိလင်္ကာလုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အကြမ်းဖက်သမားဟုသံသယရှိရသူများ ဧပြီလ ၂၆ ရက်ညကတိုက်ပွဲဖြစ်ပွားခဲ့ရာ သေနတ်သမားနှစ် ဦးနှင့် အသေခံဗုံးခွဲသမားများဟု သံသယရှိရသူလေးဦးကို အသေရမိခဲ့ကြောင်း သီရိလင်္ကာစစ်ဖက်က ဧပြီလ ၂၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

စစ်ဖက်အရာရှိတစ်ဦး က အိုင်အက်စ်အကြမ်းဖက်အဖွဲ့နှင့်အနီးကပ်ဆက်သွယ်နေသောအကြမ်းဖက် သမားများပုန်းအောင်းနေရာအိမ်တစ်အိမ်သို့ သီရိလင်္ကာတပ်ဖွဲ့များကဝင်ရောက်စီးနင်းစဉ်တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

အချို့သောအသေခံဗုံးခွဲသမားများ ကနောက်ပိုင်းတွင်အိမ်အတွင်း၌ ၎င်းတို့ကိုယ်၎င်းတို့ဗုံးခွဲသတ်သေ သွားကြကြောင်းလည်းသိရသည်။ စစ်ဖက်အရာရှိက ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအပြီးတွင် သေနတ် သမားနှစ်ဦး၏အလောင်းများနှင့်အတူအလောင်း ၁၃ လောင်းကိုအိမ်အတွင်းမှတွေ့ရှိခဲ့ရာ အမျိုးသမီး သုံးဦး၊အမျိုးသား လေးဦးနှင့် ကလေးခြောက်ဦးတို့ပါဝင်ကြောင်းလည်းပြောကြားသွားခဲ့သည်။ ၎င်းက အဆိုပါသေဆုံးသူများအနက်အချို့မှာ အရပ်သားများဖြစ်နိုင်ကြောင်းလည်းပြောခဲ့သည်။

အကယ်၍အကြမ်းဖက်သမားဟုသံသယရှိရသူများပတ်ဝန်းကျင်နယ်မြေများနှင့်ဒေသတစ်ခုလုံးအတွင်း ၌ ပုန်းအောင်းနေမှုများ၊ စိမ့်ဝင်မှုများရှိခဲ့ပါက ထိုကဲ့သို့ရှင်းလင်းရေးစစ်ဆင်မှုများကို ဆက်လက်ပြုလုပ် သွားမည်ဟုလည်းသိရသည်။

ကာလ်မူနိုင်းမြို့နှင့်အနီးပတ်ဝန်းကျင်ဒေသများတွင် ဧပြီ ၂၆ ရက်ကစတင်ထုတ်ပြန်ခဲ့သော ညမထွက် ရ အမိန့်မှာဆက်လက်တည်ရှိနေကြောင်းလည်းသတင်းများအရသိရသည်။

ဧပြီလ ၂၆ ရက် ညနေပိုင်းကလည်း နိုင်ငံအရှေ့ဘက် အမ်ပါရာခရိုင် (Ampara District)အတွင်း အိမ် တစ်အိမ်မှ အိုင်အက်စ်အဖွဲ့အလံများ၊စာအုပ်များနှင့်အခြားပစ္စည်းများကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကသိမ်း ဆည်းရမိခဲ့ကြောင်းသီရိလင်္ကာစစ်ဖက်ကပြောခဲ့သည်။အမ်ပါရာခရိုင်ကအိုင်အက်စ်အဖွဲ့၏အကြမ်းဖက် အဖွဲ့ဝင်များ ကတိသစ္စာပြုကြရာ နယ်မြေဖြစ်ကြောင်းလည်းသိရသည်။(Xinhua)