Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ် ၏အရှိန်ကြောင့် ရေကြောင်း၊ လေကြောင်း သွားလာရေးများသတိပြုကြရန် မိုးဇလထုတ်ပြန်

မုန်တိုင်းဖြစ်ပေါ်မှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့

တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် ၏အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်း‌ရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်ေ လျှာက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါး ဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သ တိပြုကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် နောက်(၁၂) နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm)အဖြစ်သို့ လည်းကောင်း၊ နောက်(၃၆)နာရီအတွင်း အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်ကြောင်းမိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေ မရှိသေး သဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117