ကဘူးလ် ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ဇန်နဝါရီလ ၂၇ ရက်တွင် အကြမ်းဖက်သမားများက လူနာတင်ယာဉ်တစ်စီးအား ဗုံးဖောက်ခွဲခဲ့ရာ သေဆုံးသူ ၉၅ ဦး နှင့်ထိခိုက်ဒဏ်ရာရသူ ၁၅၈ ဦးထိ ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ လာနီညာဖြစ်ပေါ်မှု ရာခိုင်နှုန်းမှာ ၆၉% အထိ ရှိနေပြီး၊ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ- မတ်လ- ဧပြီလတွင် ၅၀%၊ ၂၀၁၈ခုနှစ်၊ မတ်လ- ဧပြီလ- မေလတွင် ၃၀% သို့ ပြန်လည်လျော့ကျလာနိုင်ပြီး၊ ပုံမှန်ဖြစ်မြဲအခြေအနေသို့...
ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုမို သည် ဇန်နဝါရီ ၂၇ ရက်မှ ၂၈ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင် က ပေကျင်းမြို့တွင် ဇန်နဝါရီ ၂၆ ရက်က ကြေညာခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ကြီး၏ ရေအရည်အသွေး တိုင်းတာစစ်ဆေးမှုများနှင့် ပတ်သက်ပြီး ပိုမိုတိကျခိုင်မာသည့် အချက်အလက်များ ရရှိစေရေး တစ်နှစ်ထပ်မံ၍ သုတေသနလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
အန်ကာရာ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အက်ဖရင်းပြည်နယ် ရှိ ကာ့ဒ်လူမျိုးတို့၏ နယ်မြေတွင် တူရကီနိုင်ငံက စစ်ရေးအရ တိုက်စစ်ဆင်မှုများ ပြုလုပ်စဉ်အတွင်း အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူ ၁၃၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ ဝန်ကြီးတစ်ဦးကပြောကြားခဲ့သည်။