Connect with us

Environment, Disasters & Accidents

မှော်ဘီမြို့နယ်တွင် ယာဉ်တိမ်းမှောက်၍ (၁)ဦးသေ၊ (၁၇)ဦးဒဏ်ရာရ

ယာဉ်တိမ်းမှောက်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင် (၄၁/၇)နှင့် (၄၂/ဝ)ကြား၌ ယာဉ်တိမ်းမှောက်မှုကြောင့် (၁)ဦးသေ၊ (၁၇)ဦးဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရသိရသည်။

ရန်ကုန်မှပြည်သို့ မောင်းနှင်လာသော Golden Dragon ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ခဲ့သဖြင့် ယာဉ်ပေါ်ပါ (၈)လအရွယ် ကလေးတစ်ဦး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး အခြားလူ၁၇ ဦး ဒဏ်ရာများအသီးသီးရခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်ခဲ့သည့် ယာဉ်မောင်းအား မှော်ဘီမြို့မရဲစခန်း၌ ယာဉ်(ပ) ၅၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)