ဘရာဇီးလီးယား၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံသည် တောင်အမေရိကတိုက် နိုင်ငံများသမဂ္ဂအဖွဲ့မှ တရားဝင်နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ဘရာဇီးနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၁၅ ရက်တွင် ကြေညာခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော်၌၂၀၁၉ ခုနှစ် မြန်မာရိုးရာသြင်္ကန်ကာလအတွင်း လမ်းလျှောက်သြင်္ကန်ပွဲများသို့ လာရောက်လည်ပတ်သူများပြားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) သြင်္ကန်ပွဲတော် အကြို၊ အကျနှင့် အကြတ်နေ့ သုံးရက်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ ထိခိုက်ဒဏ်ရာရရှိသူ ၅၅၅ဦးရောက်ရှိကာ သေဆုံးသူ ၅ဦးရှိကြောင်း အဆိုပါဆေးရုံကြီးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာတွင် တူမီးသေနတ် ၂ လက်နှင့် လက်ပစ်ဗုံး ၁၀ လုံး သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။