Connect with us

Environment, Disasters & Accidents

သြင်္ကန်ပွဲတော်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ လူနာ၅၀၀ကျော် ရောက်ရှိ ၅ ဦးသေဆုံး

သင်္ကြန်တွင်း လုံခြုံရေးစစ်ဆေးနေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-Yangon Police)

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

သြင်္ကန်ပွဲတော် အကြို၊ အကျနှင့် အကြတ်နေ့ သုံးရက်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ ထိခိုက်ဒဏ်ရာရရှိသူ ၅၅၅ဦးရောက်ရှိကာ သေဆုံးသူ ၅ဦးရှိကြောင်း အဆိုပါဆေးရုံကြီးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ဆေးကုသမှု ခံယူလျက်ရှိပြီး သေဆုံးရောက်ရှိသူ ၄ဦးနှင့် ဆေးရုံရောက် သေဆုံးသူ တစ်ဦးရှိခဲ့ကြောင်း သိရသည်။

သြင်္ကန်အကြတ်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပြင်ပလူနာ ၁၃၇ဦး၊ အတွင်းလူနာ ၆၇ဦး ရောက်ရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း၊ သြင်္ကန်အကျနေ့တွင် ပြင်ပလူနာ ၁၃၃ဦး ၊အတွင်းလူနာ ၇၃ ဦးနှင့် သေဆုံးရောက်ရှိသော အလောင်း ၄လောင်းရှိပြီး သြင်္ကန် အကြိုနေ့တွင် ပြင်ပလူနာ ၁၀၁နှင့် အတွင်းလူနာ ၄၄ ဦးရောက်ရှိခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117