ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊သံလွင်လမ်းရှိ နေအိမ်အတွင်းမှ စိန်၊ ရွှေ ၊ လက်ဝတ်ရတနာမျိုးစုံနှင့်ငွေအပါအဝင် စုစုပေါင်းတန်ဖိုးကျပ် ( ၁,၇၈၂) သိန်းကျော် ခိုးယူသူများအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) မြန်မာ့ပင်လယ်ပြင်၌ ငါးသယံဇာတများ မျိုးသုဉ်း ပျောက်ကွယ်ခြင်းမှ ကာကွယ်စောင့်ရှောက်ရန်အတွက် ငါးမဖမ်းရ ရာသီအတွင်း ငါးဖမ်းရေယာဉ်များ၏ ၂ဝ ရာခိုင်နှုန်းကိုသာ အလှည့်ကျစနစ်ဖြင့် ငါးဖမ်းခွင့်ပြုထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန် ၊ မေ ၂၄ ရက်(ဆင်ဟွာ) မြန်မာ့ စပါးအုံး ခေါ် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ဝမ်းမစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ဆက်လက် ကာကွယ်ရေး အတွက် ဂျပန် နိုင်ငံမှ KEN HASEGAWA နှင့် ဇွန်လ ၂၉ ရက်တွင်...