တိုကျို၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဖူကူအိုကာစီရင်စု တွင် ဧပြီ ၁၇ ရက်က မီးသတ်သမား ၅၄ဦး ကို တင်ဆောင်လာသော ပုဂ္ဂလိက ဘတ်စ်ကားတစ်စီး နှင့် ကားတစ်စီး တိုက်မိခဲ့၍ လူ ၂၃ဦးအား ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ၎င်းတို့အနက် တစ်ဦးမှာ...
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မာရသာ ဆိုက်ကလုန်းမုန်တိုင်းပြီးသည့်နောက် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် အားပျော့သွားပြီး ဖြစ်သည့်အတွက် အစိမ်းရောင်အဆင့်ဟု သတ်မှတ်လိုက်ပြီဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။ အစိမ်းရောင်အဆင့်ဆိုသည်မှာ မုန်တိုင်းအန္တရာယ်ပြီးဆုံးခြင်း သင်္ကေတဖြစ်သည်။
ပေကျင်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ကျန်းကောလိသည် အယ်လ်ဘေးနီးယားနိုင်ငံသို့ ဧပြီ ၁၆ ရက်တွင် ၂ရက်တာခရီးစဉ်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ၂၀၁၇ ခုနှစ်၊ မဟာသြင်္ကန်ကာလတွင် သေဆုံးသူ ၁၄ ဦး၊ ဒဏ်ရာရရှိသူ ၁၅၂ ဦး ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ဆိုင် ကလုန်းမုန်တိုင်း မာရသာ အရှိန်ကြောင့် သံတွဲမြို့နယ် တရော်တောကျေးရွာတွင် လူနေအိမ်(၁၀)လုံး ဓနိ ခေါင်မိုးပျက်စီးခဲ့ပြီး ဓနိမိုး၊ဓနိထရံကာအိမ်(၁)လုံး ပျက်စီးကာ၊ ကျောက္ကလပ်ရွာတွင် လူနေ အိမ်(၁၀)လုံး၊ မှိုဟင်းပြင်ရွာတွင် လူနေအိမ်(၆)လုံး ခေါင်မိုးများ ပျက်စီးကာ၊ တုံးတော အုပ်စု ခတ္တူကျေးရွာ...