Connect with us

Politics, Law & Military

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ကို ယနေ့ တွင် ရန်ကုန်မြို့၌ ကျင်းပလျက်ရှိ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲ ကို ယနေ့ ရန်ကုန်မြို့ တွင် ကျင်းပလျက်ရှိပြီး နိုင်ငံတော် သမ္မတဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို တို့မိသားစုကလည်း ယနေ့နံနက် တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ကျားကွက်သစ်ရပ်ကွက်၊ မဲရုံအမှတ် (၃) တွင်ဆန္ဒမဲလာရောက်ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီးဒေါ်ခင်မိမိကြွယ်တို့သည် ယနေ့၊ နံနက်(၇)နာရီတွင် ဒဂုံမြို့နယ်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းရှိ မဲရုံ၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲ အတွက် ဆန္ဒမဲများပေးခဲ့ကြသည်။ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် ယနေ့ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ မဲပေးနိုင်ကြောင်း သိရသည်။

၂၀၁၉ခုနှစ်ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင်မြို့တော်ကော်မတီဝင်နေရာ(၆)နေရာအတွက်ကိုယ်စားလှယ် လောင်း(၂၇)ဦး၊မြို့နယ်ဥက္ကဋ္ဌနေရာတွေအတွက်ဝင်ရောက်ယှဉ်ပြိုင်သူကိုယ်စားလှယ်လောင်း(၁၀၀)ဦး၊မြို့နယ်အဖွဲ့ဝင်(၁)နေရာအတွက်ကိုယ်စားလှယ်လောင်း(၇၅)ဦးနဲ့အဖွ့ဲဝင်(၂)နေရာအတွက်ကိုယ်စားလှယ်လောင်း(၇၂)တို့ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့် ကပြည်သူများအားလက်ပြနှုတ်ဆက်စဉ် (ဆင်ဟွာ)

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ရှိ သက်ဆိုင်ရာ မြို့နယ်များ၌ အနည်းဆုံး တစ်နှစ်နေထိုင်ခဲ့သည့် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စည်ပင်ရွေးကောက်ပွဲတွင် မဲပေးနိုင်ကြောင်း စည်ပင်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

မဲဆန္ဒရှင်ပြည်သူများသည် မြို့တော်စည်ပင် ကော်မတီဝင်အတွက် မဲတစ်ပြား၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင် (၁)၊ အဖွဲ့ဝင် (၂) တို့ အတွက် မဲ ၃ ပြား စုစုပေါင်း မဲလေးပြား ပေးရကြောင်း သိရသည်။

စည်ပင်ရွေးကောက်ပွဲတွင် ကော်မတီဝင် ခြောက် နေရာအတွက် ကိုယ်စားလှယ်လောင်း ၂၇ ယောက်၊ စည်ပင်ဥက္ကဋ္ဌ ၃၃ နေရာအတွက် ကိုယ်စားလှယ်လောင်း အယောက် ၁၀၀၊ မြို့နယ်စည်ပင်သာယာအဖွဲ့ဝင် ၁ နေရာအတွက် ၇၄ ယောက်၊ မြို့နယ် စည်ပင်သာယာအဖွဲ့ဝင် ၂ နေရာအတွက် ကိုယ်စားလှယ်လောင်း ၇၂ ယောက် ကအသီးသီး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

စည်ပင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများသည် ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၈ ရက်ကစ၍ တစ်လတိတိ မဲဆွယ်ခွင့်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.