ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၂၆ ရွက် တွေ့ရှိအရေးယူမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဇီဝမျိုးကွဲနှင့် သဘာ၀ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ နည်းဥပဒေ ပြင်ဆင် ပြုစုရာတွင် ဒေသခံ တိုင်းရင်းသားများ၏ အကြံပြုချက်များ ရရှိပြီး တစ်နိုင်ငံလုံးကို လွှမ်းခြုံ နိုင်သော နည်း ဥပဒေ ဖြစ်စေရေးအတွက် အကျိုးသက်ဆိုင်သူများ၏ အကြံပြုချက်များ...
နယူးဒေလီ ၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံအနောက်ပိုင်း Rajasthan ပြည်နယ်၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ဇီကာဗိုင်းရပ်စ်တတိယအကြိမ် ကူးစက်ပြန့်နှံ့မှု ဖြစ်ပေါ်လျက်ရှိရာ လူပေါင်း ၂၂ ဦး ရောဂါကူးစက်ခံရပြီး သေဆုံးသူ မရှိကြောင်း အိန္ဒိယနိုင်ငံက အောက်တိုဘာ ၁ဝ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ) တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကန်မူဘောင်အောက်တွင် အထူးစီးပွားရေးဇုန်လျှင်မြန်စွာ အကောင် အထည်ဖော်တည်ဆောက်ရန ် အလေးထား ဆောင်ရွက်သင့်ကြောင်း ၊ ထိုသို့ လုပ်ဆောင်ခြင်းမှာ နိုင်ငံအတွင်း ထုတ်ကုန်လုပ်ငန်းများ ခေတ်မီတိုးတက်လာစေရန်နှင့် လူငယ်လူရွယ် များအတွက် အလုပ်အကိုင်အခွင့်အလမ်းအများအပြား ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Imran Khan...