Connect with us

Science & Technology

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ပြုလုပ်မည့် စက်ရုပ်ပြိုင်ပွဲအတွက် လျှောက်လွှာများ စတင်ခေါ်ယူ

စက်ရုပ်ပြိုင်ပွဲအတွက် လျှောက်ထားနိုင်မည့် တက္ကသိုလ်များ အားတွေ့ရစဉ် (ဓာတ်ပုံ--ဖန်တီးရာ)

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပထမဆုံးသော စက်ရုပ်ပြိုင်ပွဲဖြစ်သည့် Myanmar RoboLeague 2019 ပြိုင်ပွဲအတွက် လျှောက်လွှာများစတင်ခေါ်ယူလျက်ရှိကြောင်း ဖန်တီးရာ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဇွန်လပိုင်းတွင် နိုင်ငံအဆင့် ယှဉ်ပြိုင်မှုအနေဖြင့် ရန်ကုန်တက္ကသိုလ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Myanmar RoboLeague 2019 ကို စက်ရုပ်နှင့် STEM ကျွမ်းကျင်မှု အတတ်ပညာဖြစ်သော Science – သိပ္ပံဘာသာရပ်၊ Technology – နည်းပညာ၊ Engineering – အင်ဂျင်နီယာပညာရပ်နှင့် Mathematics – သင်္ချာဘာသာရပ်များကို မြန်မာနိုင်ငံရှိ လူငယ်များ ပိုမိုစိတ်ပါဝင်စား ရင်းနှီးကျွမ်း ကျင်လာသည်နှင့်အမျှ ဖန်တီးရာနှင့် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနရှိပါချုပ်များ ကော်မတီတို့ ပူးပေါင်းကာ နိုင်ငံအဆင့် စက်ရုပ်ပြိုင်ပွဲတစ်ခု ကျင်းပရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

Myanmar RoboLeague 2019 ပြိုင်ပွဲတွင် ပထမရရှိမည့် အသင်းသည် အောက်တိုဘာလတွင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ ကျင်းပမည့် FIRST Global Robotics Challenge ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် သွားရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိမည်ဖြစ်သည်။

စက်ရုပ်ပြိုင်ပွဲလျှောက်ထားသည့် ကျောင်းသည့်ကျောင်းသူများအတွက် ရွေးချယ်မည့်ပုံစံအားတွေ့ရစဉ် (ဓာတ်ပုံ–ဖန်တီးရာ)

ဝင်ရောက်ယှဉ်ပြိုင်နိုင်

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များမှ လက်ရှိတက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

အသက်ကန့်သတ်ချက်အနေဖြင့် အသက် ၁၉ နှစ်အောက် ကျောင်းသားများသည် ယှဉ်ပြိုင်သူအဖြစ် ပါဝင်နိုင်မည်ဖြစ်ပြီး အသက် ၁၉ နှစ် အထက် ကျောင်းသားများသည် နည်းပြအဖြစ် ပါဝင်နိုင် မည်ဖြစ်သည်။ ကျောင်းတစ်ကျောင်းတွင် ယှဉ်ပြိုင်သူအနေဖြင့် ၅ ဦး ရွေးချယ်မှာဖြစ်ပြီး နည်းပြ အနေဖြင့် တစ်ဦးသာ ရွေးချယ်မည်ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ကျောင်းသား ကျောင်းသူ များ အနေဖြင့် ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းများ၊ ပါဝင်နိုင်မည့် တက္ကသိုလ်စာရင်းများနှင့် အသေးစိတ် အချက်အလက်များကို www.bit.ly/mmroboleague တွင် ကြည့်ရှုပြီး ၎င်းတို့၏ ကိုယ်ရေးအချက် အလက်များ၊ ကျောင်းသားကတ်၊ ဓာတ်ပုံများကို ၂၀၁၉ ခုနှစ် ဧပြီ ၁၂ ရက်အထိ နောက်ဆုံးထား ဖြည့်စွက် လျှောက်ထားရမည် ဖြစ်သည်။ လျှောက်လွှာ ဖြည့်စွက်မှု အပြီးတွင် မိနစ် ၉၀ စာ အရည်အချင်းစစ် ဉာဏ်စမ်း မေးခွန်းအား ဆက်လက် ဖြေဆိုရမည် ဖြစ်သည်။ ရွေးချယ်ခံရသော ကျောင်းသား ကျောင်းသူများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ရွေးချယ်ခံရသော အသင်းများ အား ဖန်တီးရာ Facebook စာမျက်နှာတွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Website: www.phandeeyar. org၊Facebook: FB.com/phandeeyar၊ Twitter: @Phandeeyar နှင့် Instagram: @phandeeyar တို့တွင် ကြည့်ရှုနိုင်ကြောင်း ဖန်တီးရာ ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.