ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် မြန်မာရိုးရာသြင်္ကန်ကာလအတွင်း သြင်္ကန်ပွဲတော်ကျင်းပမည်ဖြစ်သဖြင့် လမ်းပိတ်/လမ်းလွှဲနှင့် တစ်လမ်းမောင်းပြုလုပ်ထားမည့် လမ်းများကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ယနေ့ ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) မြန်မာ-အိုင်ယာလန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိုင်ယာလန် သံအမတ်ကြီး H.E. Mr. Joseph Anthony Cotter တို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ဧပြီလ ၈ ရက်(ဆင်ဟွာ) ARSA အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖြစ်သော အိုစမန်ဂေါ်နီ ဆိုသူအား မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင် ပြည်နယ်အတွင်းရှိနယ်စပ်မြို့တစ်မြို့၌ မတ်လ ၃၀ ရက်ကမြန်မာအာဏာပိုင်များကဖမ်းဆီးရရှိခဲ့သည် ဟုမြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့က ဧပြီလ ၈ ရက်ကသတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လင်းကတောကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်(၄၁၆/၇)နှင့်(၄၁၇/ဝ)ကြား၌ ဧပြီ ၇ ရက် နံနက်အစောပိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ၈ ဦး သေ၊ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေး ဝန်ကြီး ကာ့စ်ဂျန် နီလ်ဆန် (Kirstjen Nielsen) ရာထူးမှနုတ်ထွက်တော့မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဧပြီလ ၇ ရက်တွင် တွစ်တာပေါ်၌ ရေးသားထားသည်။