Connect with us

Asia

ARSA အကြမ်းဖက်အဖွဲ့ဝင်တစ်ဦး မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်စဉ်ဖမ်းမိ

မောင်တောမြို့နယ်အတွင်း ARSA အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖမ်းမိ (ဆင်ဟွာ)

ရန်ကုန်၊ဧပြီလ ၈ ရက်(ဆင်ဟွာ)

ARSA အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖြစ်သော အိုစမန်ဂေါ်နီ ဆိုသူအား မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင် ပြည်နယ်အတွင်းရှိနယ်စပ်မြို့တစ်မြို့၌ မတ်လ ၃၀ ရက်ကမြန်မာအာဏာပိုင်များကဖမ်းဆီးရရှိခဲ့သည် ဟုမြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့က ဧပြီလ ၈ ရက်ကသတင်းထုတ်ပြန်ခဲ့သည်။

၎င်းအား ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်အတွင်းမသင်္ကာဖွယ်တွေ့ရှိရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက မတ်လ ၃၀ ရက်ကဖမ်းဆီးစစ်ဆေးခဲ့ရာတွင်အိုစမန်ဂေါ်နီမှာ ၂၀၁၇ ခုနှစ်၊သြဂုတ်လအတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ရဲကင်းစခန်းများကို ARSA အကြမ်းဖက်သမားများကတိုက်ခိုက်ရာတွင်ရဲကင်းစ ခန်းတစ်ခုကို တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သူဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေအရ အမှုတစ်ခ ဖြင့်အရေးယူခံရမှုမှထွက်ပြေးလွတ်မြောက်နေသူဖြစ်ကြောင်းဖေါ်ထုတ်တွေ့ရှိရသည်။ ၎င်းကဘင်္ဂလား ဒေ့ရှ်နိုင်ငံအတွင်း ကူတူပါလောင် ဒုက္ခသည်စခန်း၌ မြန်မာနိုင်ငံသို့ပြန်မလာမီ ခိုအောင်းနေခဲ့ကြောင်း လည်းစစ်ဆေးတွေ့ရှိခဲ့ရသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၆ ခုနှစ်ကစ၍ မောင်တောနှင့်ဘူးသီးတောင်မြို့နယ်များတွင် ညမထွက်ရအ မိန့်ထုတ်ပြန်ထားမှုအပြင် ဧပြီလ ၂ ရက်တွင် ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး နှင့် မင်းပြားမြို့နယ်များ၌ ည ၉ နာရီမှ နံနက် ၅ နာရီအထိ အပြင်မထွက်ရအမိန့်များ ကိုလည်း နှစ်လတာ သက်တမ်းအတွက်ထပ်မံထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ARSA စစ်သွေးကြွအကြမ်းဖက်များက အရပ်သားများဟန်ဆောင်ကာ လုံခြုံရေး တပ်ဖွဲ့များကိုတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှုများရှိရသည့်အပြင် အိမ်ရာများလည်းဖျက်ဆီးခံ ရသည့်အတွက် ဤကဲ့သို့ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ခြင်းဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.