ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းနှင့် မိုးမိတ်မြို့နယ်အတွင်း ငါးရက်အတွင်း ကျပ်သိန်းပေါင်း ၄၀,၀၀၀ကျော် တန်းဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရီယာ့ဒ် ၊ သြဂုတ် ၂ဝ ရက် (ဆင်ဟွာ) ပြင်းထန်သော လျှပ်စီးတိမ်တောင်များနှင့် မိုးသည်းထန်စွာရွာသွန်းခြင်း တို့ကြောင့် မက္ကာမြို့တော်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်ချေရှိကြောင်း ဆော်ဒီအာရေးဗီးယားနိုင်ငံ မိုလေဝသဌာနက သြဂုတ် ၁၉ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်ဟု Al Akhbariya ဒေသတွင်းရုပ်သံက သတင်းဖော်ပြခဲ့သည်။
အက်ခ်ရာ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် (Kofi Annan) သည် သြဂုတ်လ ၁၈ ရက်က ဆွစ်ဇာလန်နိုင်ငံ ၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဂါနာနိုင်ငံ မီဒီယာများစွာက အတည်ပြု သတင်းရေးသားထားသည်။ ၎င်းကို ၁၉၃၈ ခုနှစ်တွင်မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၉၇...
ဝါရှင်တန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် သြဂုတ်လ ၁၈ ရက် အစောပိုင်းက Disney Fantasia Gardens ရှိ အသေးစား ဂေါက်ကွင်းလမ်းကြောင်းအနီးတွင် မီးလောင်နေသော ယာဉ်အတွင်း လူသေအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံသတင်းများအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၏ ဖိတ်ကြားချက်အရ အလုပ်သဘော ချစ်ကြည်ရေး သွားရောက်ရန်အတွက် ယနေ့ နံနက် ၈နာရီခွဲတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူသမ္မတနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော...