ဟီနန်၊ မတ် ၁၄ ရက် (ဆင်ဟွာ ) တရုတ်နိုင်ငံဟီနန် ပြည်နယ်၊ ကျန်းကျိုး ရှိ ဘတ်စ်ကား ကုမ္ပဏီ တစ်ခုတွင် ဝန်ထမ်းများမှာ ဘတ်စ်ကားခ ငွေအကြွေများကိုလျင်မြန်စွာရေတွက်နိုင်ကြသည်။ နေ့စဉ် တစ်မြိုးလုံး၌ပြေးဆွဲသည့် ဘတ်စ်ကားပေါင်း ၅ဝဝဝ ကျော်မှရရှိသည့် ငွေအကြွေပေါင်း ၁သန်းခန့်အား ဝန်ထမ်း ၁ဝဝ ကျော်မှ...
ရန်ကုန် ၊ မတ် ၁၄ ရက်(ဆင်ဟွာ) တိုက်ကြီးမြို့အနီး လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် တိုက်ကြီးမြို့ လိမ္မော်ခြံ ကျေးရွာ အုပ်စုရှိ ကပစ (၁၁) ဝန်း တွင် လူနေလိုင်းခန်း နံရံ ပြိုကျကာ လူ ၂ ဦး သေဆုံးမှု ရှိခဲ့ကြောင်း တိုက်ကြီး မြို့နယ်...
ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ) အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးပြီးဆုံးပြီးနောက်၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်ကပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲတွင်တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်က ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးဖြစ်သည့် အမေရိကန်နိုင်ငံနှင့်ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်သည့်တရုတ်နိုင်ငံတို့အကြားကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားရမည့်အခြေအနေမျိုးကိုတရုတ်နိုင်ငံအနေနှင့်မလိုလားပါကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ လီ ကနှစ်နိုင်ငံပြည်သူများအနေဖြင့် အသိဉာဏ်ကြွယ်ဝကြသူများဖြစ်ရာနှစ်ဖက်ကွဲပြားခြားနားမှုများကို ညှိနှိုင်းစီမံခြင်းဖြင့်သာဆောင်ရွက်သွားလိုကြောင်းပြောကြားခဲ့ပါတယ်။(Xinhua)
ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ) အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးပြီးဆုံးပြီးနောက်၂၀၁၇ ခုနှစ် မတ်လ ၁၅ရက်ကပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲတွင်တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်ကတုံ့ဆိုင်းနေသောကမ္ဘာ့စီးပွားရေးနာလန်ထူမှုအတွက် တရုတ်နိုင်ငံအနေနှင့်အရေးကြီးသောအင်ဂျင်မောင်းနှင်အားအဖြစ်ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း၊ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက်တရုတ်နိုင်ငံကကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါ့ပြင် ဝန်ကြီးချုပ်လီက ၂၀၁၇ ခုနှစ်အတွက်တရုတ်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှု ၆ ဒသမ ၅ ရာခိုင်နှုန်းရရှိနိုင်စေရန်လည်းမျှော်မှန်းထားကြောင်းပြောကြားခဲ့ပါတယ်။(Xinhua)
ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် က တရုတ်တစ်နိုင်ငံတည်းမူဝါဒ သည်တရုတ်-အမေရိကန် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်အဖြစ် ကျန်ရစ်နေမည်ဖြစ်ကြောင်း မတ်လ ၁၅ ရက်က ပြောကြားခဲ့သည်။ အမျိုးသားပြည်သူ့ကွန်ဂရက်နှစ်ပတ်လည်အစည်းအဝေး ပြီးဆုံးပြီးနောက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ လီ က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့်...