Connect with us

Sport

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့် ဗီယက်နမ်လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတို့ ခြေစမ်းပွဲကစားမည်

ခြေစမ်းပွဲကစားမည့် အချိန်စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ဧပြီလတွင် ကျင်းပမည့် ၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲအကြို ကြိုတင်ပြင်ဆင်သည့် အနေဖြင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဗီယက်နမ်လက်ရွေးစင် အမျိုးသမီးအသင်းနှင့် မတ်လ ၂၁ရက့်နှင့် မတ်လ ၂၃ရက် တို့တွင် ဘောလုံးခြေစမ်းပွဲ(၂)ပွဲ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါ ခြေစမ်းပွဲ(၂)ပွဲကို မန္တလေးမြို့ မန္တလာသီရိကွင်း၊ ညနေ(၆)နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ပြီး ကွင်းဝင်ကြေးအခမဲ့ဖြင့် လာရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ဗီယက်နမ်အသင်းနှင့် မချိတ်ဆက်မီ ထိုင်းအမျိုးသမီးအသင်းနှင့် ခြေစမ်းကစားရန် ချိတ်ဆက်ဆောင်ရွက်ခဲ့သော်လည်း နောက်ဆုံးအဆင့် ညှိနှိုင်းမှုများအပြီးတွင် ခြေစမ်းပွဲကို ယာယီရွေ့ဆိုင်းခဲ့ပြီး ဗီယက်နမ်လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရန် စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117