Connect with us

Sport

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ဒုတိယ အကြိမ်မြောက်အဖြစ် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ တာဝန်ပေးအပ်ခြင်းခံရ


ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့တွင် ယနေ့ကျင်းပသည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်စ်တွင် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော် အား၂၀၁၉ခုနှစ် မှ ၂၀၂၃ခုနှစ်အထိ အထိ ရွေးချယ် တာဝန်ပေးခြင်းခံရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပြုရွေးချယ်မှု အရ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဒုတိယ အကြိမ်မြောက်အဖြစ် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ တာဝန်ကို ဆက်လက်ထမ်းဆောင် သွားရမည်ဖြစ်သည်။

သြစတြေးလျနှင့် အာဆီယံဒေသတွင်း နိုင်ငံများအားလုံး ပါဝင်သည့် အာဆီယံ ဘောလုံး အဖွဲ့ချုပ်တွင် ဥက္ကဋ္ဌအသစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ Major General Khiev Sameth က ရွေးချယ် တင်မြှောက်ခံရပြီး မြန်မာမှ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မလေးရှားမှ ဘင်ဟာဂျီမိုဒ် အမင်၊ တီမောမှ ဖရန်စ္စကို ခါလ်ဘူအာဒီလေ တို့နှင့်အတူ ဒုတိယ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်သွားရမည် ဖြစ်သည်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီအစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အတူ စီအီးအို ဦးဘုန်းနိုင်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.