ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မတ်လ ၁၆ ရက်နံနက်ဝရး၀၀ နာရီတွင် စက်လှေတိမ်းမှောက်၍ အမျိုးသမီး ၆ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဝယ်လ်လန်တန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Jacinda Ardern က ခရစ်ချက်ချ်မြို့ရှိ ဗလီ ၂ခု တိုက်ခိုက်ခံရမှု တွင် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ၎င်းတို့၏ မိသားစုဝင်များထံ စတင်လွှဲပြောင်းပေးနေပြီ ဖြစ်သော်လည်း အရေအတွက်အနည်းငယ်သာ ရှိသေးကြောင်း မတ် ၁၇ ရက်တွင်...
ဟာရာရီ၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံ အရှေ့တောင်ပိုင်း တွင် ဆိုင်ကလုန်းမုန်တိုင်း Idai တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၄ဦးသေဆုံးခဲ့ကြောင်း အစိုးရကပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၁၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံဘက်မှ ထိန်းချုပ်သည့် ကက်ရ်ှမီးယားဒေသတွင် မတ် ၁၆ ရက်က မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျမှုဖြစ်ပွားရာ အနည်ဆုံး လူ ၁၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ပါကစ္စတန်စစ်တပ် က အငြင်းပွားမှုများဖြစ်ပွားနေသည့် ကတ်ရှ်မီးယားဒေသ ရှိ နှစ်နိုင်ငံ နယ်စပ်ထိန်းချုပ်ရေးမျဉ်း (LoC) တစ်လျှောက် တွင် ပျံသန်းနေသည့် အိန္ဒိယမှ ထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ် တစ်စင်းအား ပစ်ချခဲ့ကြောင်း မတ် ၁၆ ရက်ကပြောကြားခဲ့သည်။