Connect with us

Asia

အိန္ဒိယနိုင်ငံဘက်က ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသတွင် ယာဉ်မတော်တဆမှု ဖြစ်ပွား၊ လူ ၁၁ ဦး သေဆုံး

အိန္ဒိယထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသတွင် ယခင်က ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအား တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မတ် ၁၇ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံဘက်မှ ထိန်းချုပ်သည့် ကက်ရ်ှမီးယားဒေသတွင် မတ် ၁၆ ရက်က မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျမှုဖြစ်ပွားရာ အနည်ဆုံး လူ ၁၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ရပ်မှာ အိန္ဒိယက ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ Srinagar မြို့ တောင်ဘက် ၁၇၇ ကီလိုမီတာ အကွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဆိုသည်။သေဆုံးသူ ၁၁ ဦးတွင် ကလေးငယ် ၅ ဦးပါဝင်ကြောင်း၊ ဒဏ်ရာရသူများအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထား ကြောင်း သိရသည်။ ယာဉ်မတေ်ာမဆမှုနှင့်စပ်လျဉ်း၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

အိန္ဒိယဘက်က ထိန်းချုပ်သည့် ကက်ရှ်မီးယား ဒေသတွင် ဆိုးဝါးသည့် ယာဉ်မတေ်ာတဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ ဝန်ပိုတင်ခြင်း ၊ ယာဉ်ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းနှင့် လမ်းအခြေအနေ ဆိုးဝါးခြင်းများကြောင့် အဓိကဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.