ရန်ကုန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသော မိခင် ဖြစ်သူအား လူနာစောင့်ရန် လိုက်ပါ လာသူ အမျိုးသား တစ်ဦးသည် ယနေ့စက်တင်ဘာ ၅ ရက် နံနက်ပိုင်း အချိန်တွင် အဆောင်(၁၁-၁၂) ၊ အမြင့်(၂၅)ပေခန့်ရှိ ဒုတိယထပ် ဝရန်တာမှ ခုန်ချမှု...
ရှမိန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် အီဂျစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အစဉ်အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း နှင့် အရှေ့အလယ်ပိုင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် အီဂျစ်နိုင်ငံနှင့် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံဆက်ဆံရေး တည်ဆောက်သွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)မှ ယာဉ်စည်းကမ်းချိုးဖောက်သည့် အမှုများအား Online Complaint Centre သို့ Viber ဖြင့် တိုင်ကြားမှု အားလက်ခံပြီး သည့်နောက် စတင်အရေးယူသည့်နေ့၂၀၁၅ခုနှစ် သြဂုတ်လ ၁၂ရက်နေ့မှ ၂၀၁၇ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ထိ အရေးယူမှု...
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များနှင့် ခါးပတ်မပတ်ဘဲ မောင်းနှင်သောယာဉ်များအား စစ်ဆေးအရေးယူ ခဲ့ရာ နှစ်ရက်အတွင်း ယာဉ်အစီးရေ တစ်ရာကျော်ဖမ်းဆီးနိုင်ခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တပ်မတော် (လေ)မှ G-4 ဂျက်လေယာဉ်တစ်စီးသည် ယနေ့ စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း ပျံသန်းလေ့ကျင့်နေစဉ် ပျောက်ဆုံးသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။