Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ပါပူဝါဒေသ၌ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၄၂ ဦးသေဆုံး ၊ အများအပြားပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံအရှေ့ ဖျား ပါပူဝါပြည်နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ကို တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ ၊ မတ် ၁၇ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံအရှေ့ဖက်စွန်းရှိ ပါပူဝါပြည်နယ်တွင် မတ် ၁၆ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ လူပေါင်း ၄၂ ဦးကျော် သေဆုံးကာ အများအပြားပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ် အေဂျင်စီက ယနေ့(မတ် ၁၇ ရက်) တွင် ပြောကြားခဲ့သည်။

Jayapura ခရိုင်အတွင်းရှိ ကျေးရွာများစွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးဒဏ်ကို အပြင်းအထန်ခံစားနေရကြောင်း ၊ လူပေါင်း ၂၁ ဦး ဆိုးရွာစွာဒဏ်ရာရရှိခဲ့ကြောင်းနှင့် အခြားလူ ၁၈ ဦးမှာ ဒဏ်ရာအနည်းငယ် ရရှိသွားကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ အကြီးအကဲ က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

“ လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ရေကြီးမှုက ဒေသစံတော်ချိန် ည ၆ နာရီလောက်က စတင်ခဲ့တာပါ” ဟု ၎င်းအရာရှိက ဆိုသည်။ ရေဘေးကြောင့် လူပေါင်း ၃,ဝဝဝ ကျော် နေအိမ်များကို စွန့်ခွာခဲ့ရကြောင်း နှင့် လူနေအိမ် ၊ အဆောက်အအုံ ၊ တံတား နှင့် အခြားအခြေခံအဆောက်အအုံ ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ၎င်း ကဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘေးဒဏ်သင့်ပြည်သူများအတွက် အစားအစာများ ဖြန့်ဖြူးပေးခဲ့ပြီဖြစ်ကြောင်း နှင့် ကယ်ဆယ်ရေးဆိုင်ရာပူးပေါင်းအဖွဲ့တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

ရေဘေးသင့်ပြည်သူများကို ယာယီကယ်ဆယ်ရေးစခန်းများသို့ပို့ဆောင်ပေးခဲ့ကြောင်း နှင့် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးအစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

မိုးသည်ထန်းစွာရွာသွန်းမှုကြောင့်မြေပြိုမှုများလည်းဖြစ်ပေါ်ခဲ့ပြီး ၊ မြစ်ချောင်းများလည်း ရေစီးသန်ခဲ့ကြောင်း သိရသည်။ မြေပြိုမှုဖြစ်ပေါ်ပြီးနောက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း Sutopo က ဆင်ဟွာသို့ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.