အစ္စတန်ဘူလ် ၊ နိုဝင်ဘာ ၁၃ ရက်(ဆင်ဟွာ) တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၅ ဦး တင်ဆောင်လာသည့် ရေယာဉ်သည် နိုဝင်ဘာ ၁၂ ရက်က တူရကီနိုင်ငံ အနောက်ပိုင်း အေဂျင်ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ရာ လူ ၅ ဦးသေဆုံးပြီး ၅ ဦး ပျောက်ဆုံး နေကြောင်း တူရကီနိုင်ငံ ကမ်းခြေစောင့်...
ဂျာကာတာ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အင်ဒိုနီရှားနိုင်ငံ တောင်ဘက်စွန်း ရှိ East Nusa Tenggara ပြည်နယ် တွင် နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ ရွာသား ၃ဦးသေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသော အရက်၊ စီးကရက် ၊ ဝိုင်အမျိုးမျိုး တရားမဝင်တင်သွင်း ထားသည့် ဘီယာအမျိုးမျိုးတို့ အား ရှာဖွေ သိမ်းဆည်း အရေးယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာန မှ အသိပေးကြေညာချက်ထုတ်ပြန်သည်။
ကမ်ပါလာ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ယူဂန္ဓာနိုင်ငံ အလယ်ပိုင်း ရှိ အထက်တန်းစာသင်ကျောင်းတစ်ခုတွင် နိုဝင်ဘာ ၁၁ရက် ညပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ကျောင်းသား ၉ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ က နိုဝင်ဘာ ၁၂ ရက်တွင်ပြောကြားခဲ့သည်။
အဒစ် အဘာဘာ ၊ နိုဝင်ဘာ ၁၃ ရက်(ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံ အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်၍ စစ်တပ်အဆင့်မြင့်အရာရှိကြီး ၂၇ ဦးကို ယခုရက်ပိုင်းများတွင် ဖမ်းဆီးခဲ့ကြောင်း ရှေ့နေချုပ် Berhanu Tsegaye က နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။