လီမာ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံတောင်ပိုင်းတွင် ယခုရက်ပိုင်းများအတွင်း နေ့စဉ်ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် ရွှံ့နွံသဲကျောက်ရေစီးဆင်းခြင်း၊တောင်ပြိုခြင်းများဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ သေဆုံးသူ အနည်းဆုံး ၁၀ ဦး၊ အိုးမဲအိမ်မဲ့ဒုက္ခသည်ပေါင်း ၁၈၀၀ ရှိနေပြီဖြစ်ကြောင်း ပီရူးသမ္မတ Martín Vizcarraက ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) နိုင်ငံခြားသား များကို ပစ်မှတ်ထားသည့် ပြန်ပေးဂိုဏ်းတစ်ခုမှ အဖွဲ့ဝင်များဟု ယုံကြည်ရသူ ် မလေးရှားရဲတပ်ဖွဲ့ က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အသေပစ်သတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် ရှေးခေတ်က အသုံးများခဲ့သည့် ပန်းထိုး ရိုးရာအိတ်လေးများကို handmade ဖန်တီးထုတ်လုပ်သည့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်၏ ရိုးရာ ပန်းထိုး လုပ်ငန်းကို ဆင်ဟွာသတင်းဋ္ဌာနမှ သွားရောက်ရိုက်ကူးခဲ့ပါသည်။ တရုတ်ရိုးရာ လက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ပန်းထိုးအနုပညာမှာ လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ခန့်ကတည်းက...
နယူးယောက်၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိအထင်ကရ နေရာတစ်ခုဖြစ်သည့် World Trade Center တွင် တရုတ်သံစုံတီးဝိုင်းက အများပြည်သူကို တီးမှုတ်ဖျော်ဖြေတင်ဆက်ခဲ့သည်။ (Xinhua)
ပေကျင်း၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) တရုတ်လူမျိုးများ၏ မိသားစုဝင်များအချင်းချင်းပြန်လည်ဆုံစည်းကြရန်နှင့် နှစ်သစ်တွင် စိတ်သစ်လူသစ်နှင့် ပျော်ရွှင်နိုင်စေရန် ရည်ရွယ်ကာ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ ယခုနှစ် နှစ်သစ်ကူးပွဲတော်အတွင်း ဇာတိမြေမှ မိသားစုများကို မြို့ပြများဆီသို့ အလည်အပတ်ခေါ်ကာ ခရီးသွားလာ လည်ပတ်ကြသူ ပိုမိုများပြားလာကြသည်။ နှစ်သစ်ကူးအားလပ်ရက်...