Connect with us

Videos

တရုတ်ရိုးရာနှစ်သစ်ကူးကာလကို ပြည်သူများပျော်ရွှင်စွာဖြတ်သန်း

ပေကျင်း၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

တရုတ်လူမျိုးများ၏ မိသားစုဝင်များအချင်းချင်းပြန်လည်ဆုံစည်းကြရန်နှင့် နှစ်သစ်တွင် စိတ်သစ်လူသစ်နှင့် ပျော်ရွှင်နိုင်စေရန် ရည်ရွယ်ကာ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ ယခုနှစ် နှစ်သစ်ကူးပွဲတော်အတွင်း ဇာတိမြေမှ မိသားစုများကို မြို့ပြများဆီသို့ အလည်အပတ်ခေါ်ကာ ခရီးသွားလာ လည်ပတ်ကြသူ ပိုမိုများပြားလာကြသည်။ နှစ်သစ်ကူးအားလပ်ရက် ပိတ်ရက်ရှည်ကာလတွင် တရုတ်လူမျိုးအများစုမှာ အလည်အပတ်ခရီးသွားလေ့ရှိသောကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းကဏ္ဍ အတွက် ရရှိသည့် ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၇၆.၂၁ ဘီလီယံခန့်အထိ တိုးမြင့်ခဲ့ကာ တစ်နှစ်ထက်တစ်နှစ် ၈.၂ ရာခိုင်နှုန်းခန့် ပိုမိုတိုးတက်လာခဲ့သည်။ ထို့အပြင် နှစ်သစ်ကူး ကာလအတွင်း နိုင်ငံအနှံ့ ကျင်းပမြဲဖြစ်သည့် ရိုးရာယဉ်ကျေးမှုပျော်ပွဲရွှင်ပွဲများစွာကိုကျင်းပကြရာ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကိုလည်း ထိန်းသိမ်းရာရောက်သည်။ နှစ်သစ်ကူးဖျော်ဖြေမှုများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ချင်မင်းဆက်၏ တော်ဝင်မင်းခမ်းမင်းနားကိုလည်း ရှန်းယန် နန်းတော်တွင် ကျင်းပပြုလုပ်ခဲ့ရာ နောင်လာနောင်သားများအနေဖြင့် တော်ဝင်အခမ်းအနားများကိုမြင်တွေ့လေ့လာနိုင်ခဲ့သည်။ တရုတ်ရိုးရာ နှစ်သစ်ကူးကာလ၏ ဈေးရောင်းပွဲတော်များကိုလည်းနေရာအနှံ့ကျင်းပလေ့ရှိရာ ရှင်းကျန့်ဒေသတွင်လည်း နှစ်သစ်ကူးဈေးရောင်းပွဲတော်အဖြစ် အစားအသောက်များ၊ အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းများကို ရောင်းချခဲ့ပြီး ဝယ်ယူသူများနှင့်အလွန်စည်ကားခဲ့သည်။ ထို့အပြင် ရှီအန်း အပြည်ပြည်ဆိုင်ရာ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုပွဲကို ကျင်းပခဲ့ရာ နိုင်ငံတကာထုတ်ကုန်ပစ္စည်းများကို တစ်နေရာထဲတွင် ရောင်းဝယ်ဖောက်ကားနိုင်ခဲ့သည်။ နှစ်သစ်ကူးကာလအတွင်း ဆောင်းရာသီ အားကစားပြိုင်ပွဲများကိုလည်း ကျင်းပခဲ့ရာ တရုတ်ရိုးရာ နှစ်သစ်ကူးကာလတွင် ပြည်သူများအတွက် စိတ်အပန်းဖြေစရာ ပျော်ရွှင်ဖွယ်ကောင်းစေသည့် အားလပ်ရက်အခါသမယတစ်ခုဖြစ်လာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.