Connect with us

Videos

နှစ်ပေါင်း၂ဝဝဝ သက်တမ်းရှိ တရုတ်ရိုးရာပန်းထိုးအနုပညာဖြင့် ဖန်တီးထားသည့် အသုံးအဆောင်များ ပြည်ပတင်ပို့

ပေကျင်း၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ရှေးခေတ်က အသုံးများခဲ့သည့် ပန်းထိုး ရိုးရာအိတ်လေးများကို handmade ဖန်တီးထုတ်လုပ်သည့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်၏ ရိုးရာ ပန်းထိုး လုပ်ငန်းကို ဆင်ဟွာသတင်းဋ္ဌာနမှ သွားရောက်ရိုက်ကူးခဲ့ပါသည်။ တရုတ်ရိုးရာ လက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ပန်းထိုးအနုပညာမှာ လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ခန့်ကတည်းက ထွန်းကားခဲ့ခြင်းဖြစ်ပြီး ၂ဝဝ၆ ခုနှစ်တွင် ယူနက်စကိုက ထိန်းသိမ်းရမည့် ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခဲ့သည်။ အဆိုပါ ရှေးခေတ်အတတ်ပညာ ပန်းထိုးခြင်းလုပ်ငန်းကို ခေတ်နှင့်အညီ လူ့အသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို ဖန်တီးပုံဖော်ကာ ပြည်တွင်း ၌ သာမကဘဲ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ အီတလီနှင့် ဘီလာရုစ် နိုင်ငံများအထိ ဈေးကွက်ချဲ့ထွင်ရောင်းချနေပြီဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.