ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတသစ်အဖြစ် ဒေါ်နယ်ထရမ့်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် နေ့လည်ပိုင်းတွင် ဝါရှင်တန်မြို့၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူ ၉၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်း အမှတ် ၄မိုင် ၁ဖာလုံ နှင့် ၂ဖာလုံ ကြားတွင် ယနေ့ နံနက် ၈နာရီခွဲတွင် ပုဂံဘုရားဖူးယာဉ် မီးလောင်ပြီး ၈ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တောင်ဒဂုံမြို့နယ်၊ ၁၈ ရပ်ကွက်အတွင်းရှိ အကွီစားသောက်ဆိုင်တွင်ဇန်နဝါရီလ ၂၁ ရက်နံနက် ၀၄း၃၅အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးခိုးမွှန်၍ လူ ၅ ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်သိန်းကြည်က ဆင်ဟွာကိုပြောသည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၂ဝ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ကက်ပီတို ( Capitol) အဆောက်အအုံ၌ဇန်နဝါရီလ ၂ဝ ရက်တွင် အမေရိကန်နိုင်ငံ၏ ၄၅ ယောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ က့်် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ဝါရှင်တန်.ဇန်နဝါရီ ၂၀ ရက် ( ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ၄၅ ယောက် သမ္မတရာထူး ကို သမ္မတသစ်ဒေါနယ်ထရမ့် ကလက်ခံပွဲ ကျင်းပသည့် ဇန်နဝါရီ ၂၀ ရက်တွင် ဝါရှင်တန်မြိ ု့၌အကြမ်းဖက်ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်,ဆန္ဒပြသူများသည် စတိုးဆိုင်များမှန်ကို ရိုက်ဖျက်ခြင်း၊ကားမှန်များကို ရိုက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။်( Xinhua)