Connect with us

Latin America

ဘရာဇီးနိုင်ငံ ဆည်ကျိုးမှုတွင် သေဆုံးသူ ၁၃၄ ဦး အထိ မြင့်တက်လာ

ဘရာဇီးနိုင်ငံ Minas Gerais ပြည်နယ်တွင် ဖြစ်ပွားသည့် ဆည်ကျိုးမှုအချင်းဖြစ်နေရာ အနီးတ၀ိုက်အားတွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ Minas Gerais ပြည်နယ်တွင် ဖြစ်ပွားသည့် ဆည်ကျိုးမှုကြောင့် သေဆုံးသူ ၁၃၄ ဦးအထိ ရှိပြီဖြစ်ပြီး ၁၉၉ ဦးပျောက်ဆုံးနေကြောင်း ၎င်းပြည်နယ် ပြည်သူ့ကာကွယ်ရေးဌာနက ဖေဖော်ဝါရီ ၄ ရက် ညပိုင်းက ပြောကြားခဲ့သည်။

ယခုနှစ်ရက်အတွင်း ကပ်ဘေးအဆိုးဝါးဆုံးခံနေရသည့် Brumadinho မြို့၌ ရက်ဆက် မိုးရွာသွန်းမှု များကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို မဖြစ်မနေ ခေတ္တရပ်နားထားရကြောင်း ၊သေဆုံးသူ ရုပ်အလောင်းအမြောက်အမြားမှာ ရွှံနွံတောအနက်ကြီးထဲတွင် နစ်နေရာ ရှာဖွေတွေ့ရှိရန်မဖြစ်နိုင်ကြောင်း မီသတ်ဌာနပြောရေးဆိုခွင့်ရှိသူ Pedro Aihara က ပြောကြားခဲ့သည်။

“သေဆုံးသူရုပ်အလောင်းတွေကို အမြန်ဆုံးရှာဖွေတွေ့ရှိဖို့ အစွမ်းကုန်အရှိန်မြှင့် လုပ်ဆောင်နေ ပါတယ်။ ဒါပေမဲ့ ကပ်ဘေးအခြေအနေ၊ပတ်ဝန်းကျင်အခြေအနေတွေကြောင့် အချို့ရုပ်အလောင်းတွေ ကို ရှာတွေ့ဖို့က မဖြစ်နိုင်ဘူး ဖြစ်နေတယ်။”ဟု Pedro Aihara က ဆိုသည်။

ဇန်နဝါရီ ၂၅ ရက်က Minas Gerais ပြည်နယ်တွင် စွန့်ပစ်သံသတ္တုများထားရှိသည့် ဆည်တစ်ခု ကျိုးကျခဲ့ရာ ရွှံနွံစီးဆင်းမှုများကြောင့်အနီးတဝိုက်ရှိ အဆောက်အဦများ ပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.