Connect with us

Asia

အိန္ဒိယ နိုင်ငံ ဒေလီမြို့၌ H1N1 တုပ်ကွေးရောဂါ ဖြစ်ပွားသူ ဦးရေ ၁ ထောင်ကျော် အထိ မြင့်တက်

အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့ မြင်ကွင်း(ဆင်ဟွာ)

နယူးဒေလီ ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ မြို့တော် ဒေလီ၌ H1N1 တုပ်ကွေး ရောဂါ ဖြစ်ပွားမှုနှုန်းမှာ လျှင်လျှင်မြန်မြန် တိုးတက်လာခဲ့ပြီး ယခုနှစ်ထဲတွင် ကူးစက်ခံရသူ ဦးရေ ၁၀၀၀ ကျော်တွင် သေဆုံးသူမှာ ၁၁ ဦး ရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အထိ စာရင်းများ အရ ဒေလီမြို့အတွင်း လူဦးရေ ၁,၀၁၁ ဦး H1N1 တုပ်ကွေး ရောဂါ ခံစား နေရကြောင်း ဒေလီ ပြည်နယ် အစိုးရမှ ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။

အဆိုပါ အချက်အလက်များ အရ တုပ်ကွေး ရောဂါ ခံစားရသူ ဦးရေများသာ ထုတ်ပြန်ခဲ့ပြီး သေဆုံးသူ အရေ အတွက်အား ဖော်ပြထားခြင်း မရှိသော်လည်း အစိုးရ ဆေးရုံ ၃ ရုံတွင် H1N1 တုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၁၁ ဦး ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

တုပ်ကွေး ရောဂါ ဖြစ်ပွားမှုမှာ ယခုနှစ်တွင် အများဆုံး ဖြစ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် H1N1 တုပ်ကွေး ရောဂါကြောင့် ၂၀၅ ဦး ဖြစ်ပွားခဲ့ပြီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သတင်းမီဒီယာများ၏ ဖော်ပြမှု အရ ဇန်နဝါရီ ၂၉ အထိ ရောဂါ ဖြစ်ပွားသူ ဦးရေမှာ ၅၁၂ ဦး ရှိခဲ့ပြီး ရက်သတ္တပတ် အတွင်း နှစ်ဆ တိုးလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေလီ ပြည်နယ် အစိုးရမှ ဆေးရုံများအား ဆေးဝါး ၊ ကာကွယ်ရေး နှင့် အသုံးအဆောင် ပစ္စည်းများအား ဝယ်ယူရာတွင် ပြည်တွင်းမှ ဝယ်ယူရန် ညွှန်ကြားထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.