ရန်ကုန် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန် အိုချာ(ငြိမ်း) ၏ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း ထိုင်းနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
စင်ကာပူ ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံဝန်ကြီးချုပ်လီရှန်လွန်း နှင့် မြောက်ကိုရီးယားနိုင်ငံ နိုင်ငံရေးရာ ကော်မရှင် ဥက္ကဋ္ဌ နှင့် ကိုရီယား အလုပ်သမားပါတီ (WPK) ဥက္ကဋ္ဌကင်ဂျုံအန် တို့သည် ဇွန်လ ၁ဝ ရက်က စင်ကာပူနိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
စင်ကာပူ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ကိုရီယား အလုပ်သမားပါတီ (WPK) ဥက္ကဋ္ဌနှင့် မြောက်ကိုရီးယားနိုင်ငံရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်သည် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇွန်လ ၁၂ ရက်တွင် တွေ့ဆုံရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည်...
ချင်းသောင် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဇွန်လ ၁၀ ရက်တွင် SCO အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များနှင့်အတူ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် “ယနေ့ခေတ်တွင် မည်သည့်နိုင်ငံမျှ တစ်ကိုယ်ကောင်း ပုံစံဖြင့် ရပ်တည်နိုင်မည် မဟုတ်” ဟု ပြောကြားလိုက်သည်။
ချင်းသောင်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ၁၈ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးအပြီး SCO အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ကာဂျစ်စတန်နိုင်ငံက တာဝန်ယူရန် အဖွဲ့ဝင်နိုင်ငံများက သဘောတူခဲ့ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇွန်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။