ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) မတ်လ ပထမ (၁၀) ရက်ပတ်တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့၌ နံနက်ပိုင်းမြူထူများဆိုင်းနိုင်ကြောင်း ် မိုးလေဝသ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံ အကြား မြင့်တက်နေသည့် တင်းမာမှုများကို လျှော့ချပြီး ဆွေးနွေးမှု စကားဝိုင်းများ နှင့် ငြိမ်းချမ်းရေးသဘောဆောင်သည့် နည်းလမ်းများဖြင့် အခြေအနေအား ပုံမှန်ဖြစ်အောင် လုပ်ဆောင်ရန် နီပေါနိုင်ငံက ဖေဖော်ဝါရီ ၂၇ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တပ်မတော်(ရေ)စစ်ရေယာဉ်များသည် ၂၀၁၉ ခုနှစ် မတ် ၃ ရက် မှ ၁၈ ရက် အထိ ကာလအတွင်း ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ခန်းဆောင်ရွက်ရန် အတွက်သတိပေးချက် အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ တွင် ဖေဖော်ဝါရီ ၂၇ ရက်က ရထား ၂စင်း တိုက်မိခဲ့ရာ ရထားမောင်းသူ တစ်ဦး သေဆုံးပြီး အခြားလူ ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များကပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မစို စိုက်ပျိုးမွေးမြူရေးစခန်းနှင့် ထောက်ကြန့် ကြက်မွေးမြူရေး စခန်းတို့တွင် မြေနေရာများ ငှားရမ်းမည့် ကုမ္ပဏီများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အတည်ပြုချက် ရရှိပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။