Connect with us

Videos

တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဘဲငန်းများ၏မြို့တော်

ဟဲနန်၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)

ဘဲငန်းမြို့တော်ဟုတင်စားခေါ်ဝေါ်သည့် တရုတ်နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ် Sanmenxia တွင် အောက်တိုဘာလမှ မတ်လအတွင်း ထောင်ပေါင်းများစွာသော ဆောင်းခို ဘဲငန်းများက မြို့ထဲရှိ ကန်ကြီးတွင် လာရောက်ကာ နားခိုကြသည်။

နှစ်စဉ်နှစ်တိုင်း ထိုသို့ဘဲငန်းထောင်ပေါင်းများစွာလာရောက်နားခိုသောကြောင့် ဒေသခံများက ဘဲငန်းမြို့တော်ဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။

ဆောင်းတွင်းတစ်ခုလုံး ဘဲငန်းများ အသက်ရှင်နေထိုင်နိုင်ရန်အတွက် ဒေသခံစေတနာရှင်များက ကန်ဘေးတစ်လျှောက်တွင် ဖြည့်စွက်အစာများကို ကြဲချကျွေးမွေးကြသည်။ ဒေသအစိုးရကလည်း မြို့၏ သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းမှုများကိုဆောင်ရွက်ကာ ဘဲငန်းများ၏ သဘာဝနှင့်ကိုက်ညီစေမည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးထားသည်ဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.