တိုကျို ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်ပိုင်းကမ်းခြေ၌ ယနေ့ဒီဇင်ဘာ ၆ ရက် နံနက်အစောပိုင်းတွင် နှစ်စင်းပေါင်း လူ ၇ ဦးလိုက်ပါလာသော အမေရိကန်စစ်တပ်မှ လေယာဉ်နှစ်စင်း တိုက်မိမှုဖြစ်ပွားခဲ့ရာ လူတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဂျပန်အစိုးရသတင်းအရင်းအမြစ်များကို ကိုးကား၍ ဒေသမီဒီယာက ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စံပြငါးဈေးတွင် ကုန်တင်ကုန်ချအလုပ်သမားပြဿနာများနှင့် ယာဉ်ကြောကြပ်တည်းမှု ပြဿနာများအား ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လစ်စဘွန်း၊ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့်ဇနီး ဖုန်းလိယွမ်တို့ သည် ပေါ်တူဂီနိုင်ငံ လစ်စဘွန်းသို့ ဒီဇင်ဘာလ ၄ ရက်နေ့က ရောက်ရှိခဲ့ပြီး ပေါ်တူဂီနိုင်ငံသမ္မတ မာဆဲလို ရဲလ်ဘယ်လို ဒါ ဆိုဆာ က ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားဖြင့်ကြိုဆိုခဲ့သည့် မြင်ကွင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှတစ်ဆင့်ကြည့်ရှုနိုင်ပါသည်။(Xinhua)
လစ်စဘွန်း၊ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဇနီး ဖုန်းလိယွမ်တို့သည် ပေါ်တူဂီနိုင်ငံသို့ ဒီဇင်ဘာလ ၄ ရက်နေ့က နိုင်ငံတော်ခရီးစဉ်အဖြစ်သွားရောက်ခဲ့ရာ ပေါ်တူဂီလေကြောင်းပိုင်နက် ခရီးစဉ်တစ်လျှောက် ပေါ်တူဂီတပ်မတော်လေယာဉ်များခြံရံကာကြိုဆိုခဲ့ကြသည်။ ယခုဥရောပ ခရီးစဉ်မှာ ၈ နှစ်တာကာလအတွင်း တရုတ်နိုင်ငံခေါင်းဆောင်အနေဖြင့် ပထမဆုံးသွားရောက်သည့်ခရီးစဉ်လည်းဖြစ်သည်။ (Xinhua)
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငွေကျပ် ၂,၃၄၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။