ပြုံယမ်း၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားအထူးကိုယ်စားလှယ်အဖွဲ့သည် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့သော ၂၀၁၈ခုနှစ် ပြုံချန်းဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၁ရက် ညပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ပြီးခဲ့သော ၅ နှစ်တာကာလအတွင်း ကျေးလက်ဒေသများ၌ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၆၆ သန်း ကျော်ကို ဖန်တီးပေးခဲ့ကြောင်း အစိုးရ၏ တရားဝင် ကိန်းဂဏန်းများအရ သိရသည်။
နယူးယောက်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) မြောက်ပိုင်းမာရီယာနာကျွန်းများ ရှိ ရိုတာကျွန်း အရှေ့တောင်ဘက်၏ အရှေ့ဘက် တွင် ဖေဖော်ဝါရီ ၁၁ရက် ဂရင်းနစ်စံတော်ချိန် ၂၃း၁၄း၁၈နာရီက ရစ်ချ်တာစကေး ၆.၂ပမာဏ ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ပြောကြားခဲ့သည်။
မော်စကို ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုလေဆိပ်မှ ထွက်ခွာလာသော လူ ၇၁ ဦးလိုက်ပါလာသည့် လေယာဉ်သည် ပျံတက်ပြီး မကြာမီအချိန်အတွင်း ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ၊ လေယာဉ်ပေါ်လိုက်ပါသူ ခရီးသည်များ နှင့် လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်ကျန်ရစ်သူမရှိကြောင်း အရေးပေါ်ကယ်ဆယ်ရေးဌာနမှ သတင်းအရင်းအမြစ်က Interfax သတင်းအေဂျင်စီသို့ဖေဖော်ဝါရီ ၁၁...
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဘက်မှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် သေနတ်ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့သော အမျိုးသမီးတစ်ဦးသည် ဖေဖော်ဝါရီလ ၁၀ ရက်က စစ်ဆေးရုံတစ်ရုံသို့ တက်ရောက်ခဲ့ပြီးနောက် သမီးမိန်းကလေး တစ်ဦး မွေးဖွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေး သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။