Connect with us

Europe

Brexit သဘောတူညီချက် မရရှိဘဲနှင့် အီးယူမှ ဗြိတိန်ထွက်ခွာပါက အန္တရာယ်ရှိနိုင်ကြောင်း လန်ဒန်ရဲချုပ် သတိပေး

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရန် ဆန္ဒပြပွဲတစ်ရပ်အား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ (EU) မှ သဘောတူညီချက်တစ်ခုမရရှိဘဲနှင့် အီးယူမှ ဗြိတိန်ထွက်ခွာခဲ့ပါက ပြည်သူများအတွက် အန္တရာယ်ရှိနိုင်ကြောင်း အဆင့်မြင့်ရဲအရာရှိတစ်ဦးက ဒီဇင်ဘာလ ၂၇ ရက်တွင် သတိပေးလိုက်သည်။

ဗြိတိန်အစိုးရနှင့် အီးယူအကြားရရှိခဲ့သော Brexit (ဥရောပသမဂ္ဂ (EU) မှ ဗြိတိန်နိုင်ငံထွက်ခွာရေး) သဘောတူညီချက်အပေါ် လွှတ်တော်၏ ဆန္ဒခံယူခြင်းမပြုမီ သီတင်းပတ်များအလို၌ အဆိုပါ ရဲအရာရှိ၏ သတိပေးချက်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

Brexit သဘောတူညီချက်မရရှိဘဲနှင့် ဗြိတိန်ထွက်ခွာခဲ့ပါက ပြည်ပမှ ပြစ်မှုကျူလွန်သူများအား လွှဲပြောင်းပေးရန် ခက်ခဲသွားစေနိုင်မည့် အီးယူတစ်ခွင်ရှိ ပြစ်မှုဆိုင်ရာ ဒေတာဘေ့စ်များ ဝင်ရောက်မှုကို ခြိမ်းခြောက်ခံရနိုင်ကြောင်း လန်ဒန်ရဲမင်းကြီး ခရက်စီဒါ ဒစ် (Cressida Dick) က ဒေသခံမီဒီယာများအား ပြောကြားခဲ့သည်။

အကယ်၍ လိုအပ်ပါက အရေးပေါ် အစီအစဉ်များအတွက် ဥရောပရှိ အခြား ရဲတပ်ဖွဲ့များနှင့် လန်ဒန်ရဲတပ်ဖွဲ့က ပြောဆိုနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗြိတိန်နိုင်ငံသည် ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်တွင် အီးယူမှ ထွက်ခွာမည် ဖြစ်သည်။

အီးယူမှ ဗြိတိန်ထွက်ခွာပြီးနောက်ပိုင်းတွင် “တရားဝင်စာချူပ်စာတမ်များ” မူဘောင်တစ်ခုပေါ် အခြေခံထားသော ဗြိတိန်နိုင်ငံ၏ မူဝါဒပူးပေါင်းဆောင်ရွက်မှုဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း ဒစ်က ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.